// | DailyBriefNews ဂျိုကိုဗစ်ရဲ့ ဝင်ဘယ်လ်ဒန်ကြီးစိုးထားမှုကို အသက် ၂၀ အရွယ် စပိန်လူငယ်တင်းနစ်သမား အယ်လ်ကာရက်ဇ် အဆုံးသတ်

ဂျိုကိုဗစ်ရဲ့ ဝင်ဘယ်လ်ဒန်ကြီးစိုးထားမှုကို အသက် ၂၀ အရွယ် စပိန်လူငယ်တင်းနစ်သမား အယ်လ်ကာရက်ဇ် အဆုံးသတ်

ဇူလိုင်လ ၁၈ ရက်

၂၀၂၃ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲစဥ်မှာ အသက် ၂၀ အရွယ် စပိန်သားအယ်လ်ကာရက်ဇ်က ဝါရင့်တင်းနစ်သမားဂျိုကိုဗစ်ကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ကမ္ဘာ့အဆင့် (၁) အယ်လ်ကာရက်ဇ်ဟာ ဂျိုကိုဗစ်နဲ့ ၅ ပွဲအပြည့် အကြိတ်အနယ်ကစားကာ (၃-၂) ပွဲနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားတင်းနစ်သမားဂျိုကိုဗစ်ဟာ ၂၀၁၈ ကနေ ၂၀၂၂ အထိ ဝင်ဘယ်လ်ဒန်ချန်ပီယံအဖြစ် နောက်ဆုံးလေးကြိမ်ဆက် ကြီးစိုးထားမှုက အဆုံးသတ်သွားခဲ့ပါတယ်။ အယ်လ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် ယူအက်စ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် သူ့အတွက် ဒုတိယမြောက် မေဂျာဆုဖလားဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူ-၁၂ ကစားသမားရွေးချယ်မှု မန္တလေးတွင် ပြုလုပ်
Next post food bank တွေကို လျှို့ဝှက်လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်