// | DailyBriefNews တပ်မတော် ဘောလုံးအကယ်ဒမီကျောင်း အပါအဝင်အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour – nament 2025- 2026 ပြိုင်ပွဲကျင်းပ

တပ်မတော် ဘောလုံးအကယ်ဒမီကျောင်း အပါအဝင်အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour – nament 2025- 2026 ပြိုင်ပွဲကျင်းပ

ဇန်နဝါရီလ ၆ ရက်

တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းအပါအဝင် အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour- nament 2025-2026 ပြိုင်ပွဲကို (၉) ရက်ကြာကျင်းပလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ ပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် မြန်မာဘောလုံးအကယ်ဒမီများ ပြိုင်ပွဲကို ယခုနှစ် ဇန်နဝါရီ (၃) ရက်မှ (၁၁) ရက်အထိ ကျင်းပနေခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်ဖော်ပြထားပါတယ်။

ယင်းပြိုင်ပွဲတွင် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မှ ယူ ၁၅ အသင်းနှင့် ယူ ၁၄ အသင်း၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှ ယူ ၁၅ အသင်းနှင့် ယူ ၁၄ အသင်း၊ ISPE (မော်လမြိုင်) ၊ ISPE (မန္တလေး) ၊ ISPE (ရန်ကုန်) ၊ တပ်မတော်ဘောလုံးအကယ်ဒမီ စသည့် အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိ‌ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၁-၂၀၂၆) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ အုပ်စုမဲခွဲပွဲ ဖေဖော်ဝါရီ ၁၂ ရက် ပြုလုပ်မယ်