// | DailyBriefNews ၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ အုပ်စုမဲခွဲပွဲ ဖေဖော်ဝါရီ ၁၂ ရက် ပြုလုပ်မယ်

၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ အုပ်စုမဲခွဲပွဲ ဖေဖော်ဝါရီ ၁၂ ရက် ပြုလုပ်မယ်

ဇန်နဝါရီလ ၆ ရက်

၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲနဲ့ ၂၀၂၆ အာရှဖလား အမျိုးသမီး ယူ-၁၇ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို လာမယ့်ဖေဖော်ဝါ ရီ ၁၂ ရက်မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

အုပ်စုမဲခွဲပွဲတွေကို အာရှဘောလုံးအဖွဲချုပ် (AFC) ရုံးစိုက်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြိုမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာ ယူ-၁၇ အမျိုးသားအသင်းနဲ့ မြန်မာ ယူ- ၁၇ အမျိုးသမီး အသင်းနှစ်သင်းစလုံးဟာ ပြိုင်ပွဲနှစ်ခုစလုံး ခြေစစ်ပွဲအောင်မြင်ထားပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိထားပါတယ်။

၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသားပြိုင်ပွဲကို မေ ၇ ရက်ကနေ ၂၄ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး အသင်းစုစုပေါင်း ၁၆ သင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော် ဘောလုံးအကယ်ဒမီကျောင်း အပါအဝင်အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour – nament 2025- 2026 ပြိုင်ပွဲကျင်းပ
Next post (၆-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်