// | DailyBriefNews အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်မည့် မြန်မာအားကစားအဖွဲ့များ အောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်မည့် မြန်မာအားကစားအဖွဲ့များ အောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း

နိုဝင်ဘာလ ၂၁ ရက်နေ့

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားအဖွဲ့များရဲ့ အားကစားအောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမမှာ ကျင်းပခဲ့သည်ဟု သိရပါတယ်။

ယခုလို မြန်မာ့အားကစားအောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်အောင် အလှူငွေများ ထောက်ပံ့လှူဒါန်းသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် များစွာဝမ်းသာပါကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အာရှယူ-၁၇ အမျိုးသားခြေစစ်ပွဲ ဝင်ကြေးအခမဲ့ စီစဉ်ထား