// | DailyBriefNews 2023 CAF Awards ဆုပေးပွဲကျင်းပ

2023 CAF Awards ဆုပေးပွဲကျင်းပ

အာဖရိကဘောလုံးအဖွဲ့ချုပ်ကနေ ကြီးမှူး ကျင်းပလိုက်တဲ့ 2023 CAF Awards ဆုပေးပွဲကို မော်ရိုကိုနိုင်ငံ၊ Marrakech ရှိ Palais des Congrès တွင် ဒီဇင်ဘာလ ၁၁ ရက်‌နေ့က ကျင်းပခဲ့ပါသည်။

2023 CAF Awards ဆုပေးပွဲတွင် တစ်နှစ်တာအတွင်း အကောင်းဆုံးဆုရရှိသူများ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု – အိုဆင်မန် (နာပိုလီ/နိုင်ဂျီးရီးယား) တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု(အမျိုးသမီး) – အိုရိုအာလာ (ဘာစီလိုနာ/ နိုင်ဂျီးရီးယား)၊ တစ်နှစ်တာအကောင်းဆုံး နည်းပြဆု – ရီဂရာဂီ (မော်ရိုကိုနည်းပြ)၊ တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု – ဘိုနို (အယ်လ်ဟီလယ်/မော်ရိုကို)၊ တစ်နှစ်တာအကောင်းဆုံး နိုင်ငံအသင်း – မော်ရိုကို၊ တစ်နှစ်တာ အကောင်းဆုံးနိုင်ငံ အသင်း(အမျိုးသမီး) – နိုင်ဂျီးရီးယား၊တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်း – အယ်လ်အာလီ (အီဂျစ်) တို့က ရရှိခဲ့သည်။

နာပိုလီနဲ့အတူ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပြီး စီးရီးအေ ဂိုးသွင်းအများဆုံးဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ အိုဆင်မန်က CAF Plyaer of the Year ဆုရဲ့ Top 3 စာရင်းထဲ ပထမဆုံးအကြိမ် ပါဝင်ခဲ့ရတဲ့ နှစ်မှာပဲ CAF POTY ဆုကိုပါ ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး UNFPA နှင့်ဆွေးနွေး
Next post 𝐈’𝐀𝐔𝐑𝐀 𝐁𝐫𝐚𝐧𝐝 နှင့်လက်တွဲ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆို ခြင်းခံရသော 𝐌𝐢𝐬𝐬𝐆𝐫𝐚𝐧𝐝𝐌𝐲𝐚𝐧𝐦𝐚𝐫 2024 သဲစုငြိမ်း