(၆-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၆-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းသည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
၂။ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတိုမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
၃။ ရွေးကောက်ပွဲ အပိုင်း (၁) တွင် USDP က (၈၈) ရာခိုင်နှုန်း အနိုင်ရထားပြီး အပိုင်း (၂) တွင် အဖြေအချို ထွက်မည်
၄။ ဆုမဲပေါင်း ၁၇,၀၀၀ ကျော် လာရောက်ထုတ်ယူရန် ကျန်ရှိနေ
၅။ အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် ဗုဒ္ဓဓာတ်တော်မွေတော်အမွေအနှစ်များ ထုတ်ဖော်ပြသသည့်အခမ်းအနားသို အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်
၆။ မြိတ်မြိုနယ်တွင် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇) သိန်းကျော် ဖမ်းဆီးရမိ
၇။ KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အဦးများ ဆက်လက်ဖြိုဖျက်နေ
၈။ ဇန်နဝါရီလ ၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၆,၀၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၃၈၀ ကျပ်၊ Octane 95 – ၂၄၄၀ ကျပ်၊ Diesel – ၂၁၃၅ ကျပ်၊ Premium Diesel – ၂၅၈၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ မာဒူရိုနှင့်ဇနီးတိုကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို
၂။ အီရန်ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ကြားဝင်စွက်ဖက်မည်ဟု အမေရိကန်သမ္မတ သတိပေး
၃။ မက္ကဆီကို၊ ကိုလံဘီယာနဲ့ ကျူးဘားတိုအတွက် လျှိဝှက်သတိပေးချက်တွေကို ဒေါ်နယ်ထရမ့်ထုတ်ပြန်
၄။ ဗင်နီဇွဲလားအစိုးရ ပူးပေါင်းဆောင်ရွက်မှုမရှိပါက ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်ပွားနိုင်ဟု အမေရိကန်သမ္မတ ခြိမ်းခြောက်
၅။ ဂရင်းလန်းအား ထရမ့်သိမ်းပိုက်ရန်ခြိမ်းခြောက်နေခြင်းကို ရပ်တန့်ဖို ဒိန်းမတ်ဝန်ကြီးချုပ်တိုက်တွန်း
၆။ (၂၀၅၀) ဆယ်စုနှစ်ဝက်ခန့်၌ ရေခဲတောင်အရည်ပျော်နှုန်းအမြင့်ဆုံးဖြစ်လာနိုင်ဟု သိပ္ပံပညာရှင်များခန့်မှန်း
အားကစားသတင်းများ
၁။ တပ်မတော် ဘောလုံးအကယ်ဒမီကျောင်း အပါအဝင်အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour – nament 2025- 2026 ပြိုင်ပွဲကျင်းပ
၂။ ၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ အုပ်စုမဲခွဲပွဲ ဖေဖော်ဝါရီ ၁၂ ရက် ပြုလုပ်မယ်
၃။ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို ကန်ဆယ်လို ဆန္ဒရှိနေ
၄။ ၁၄ လကြာ တာဝန်ယူခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်က ရူဘင် အမော်ရင်ကို ရာထူးမှ ထုတ်ပယ်
၅။ လီယမ်ရိုစီနီယာက နည်းပြကောင်းတစ်ယောက်ဖြစ်တယ်လို ရွန်နီ ပြောကြား
အနုပညာသတင်းများ
၁။ ရွှေကြိုမပါပေမယ့် သရုပ်ဆောင်ဖြစ်ချင်တဲ့ စိတ်ကူးက ရပ်သွားတာမဟုတ်လို စိတ်ဓာတ်မကျကြပါနဲ့ဆိုတဲ့ လှမျိုးသဉ္ဇာနွယ်
၂။ ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ရုပ်ရှင်ဇာတ်ကား ၂၁ ကား ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုမှု စတင်
၃။ ချစ်သူသက်တမ်း ၁၈ နှစ်ကျော်အကြာ ၂၀၂၆ ဇန်နဝါရီလ ၄ ရက်နေ့မှာ မင်္ဂလာဆွမ်းကျွေးပြီး မင်္ဂလာခရီးစတင်လိုက်တဲ့ သက်ဦးကိုနဲ့ ဆုဝတီ
၄။ ကိုယ့်ကိုယ်ကိုယ် အနုပညာရည်ပြည့်ဝမှပဲ ပြန်ပြီး အနုပညာစတင်မယ်လို နှလုံးသွင်းထားတယ်ဆိုတဲ့ ခင်ခင်ဂုဏ်ဇော်
၅။ အနုပညာနဲ့ ပတ်သက်ရင် ကိုယ်ကဇီးရိုးမိုလို အောက်ခြေကတက်ရတာ ရှက်တာလည်းမရှိဘူး ကြောက်တာလည်းမရှိဘူး ဆိုတဲ့ သက်ဦးမောင်မောင်
