// | DailyBriefNews “သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ

“သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး သရုပ်ဆောင်မေမီကိုကိုအတွက် အနုပညာမှတ်တိုင်တစ်ခုအဖြစ်ကျန်ရှိနိုင်မယ့် “သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို ယမန်နေ့ ဩဂုတ်လ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဦးဝင်းကြည်(ထုတ်လုပ်သူ)၊ ဇာတ်ညွှန်း အင်ကြင်းဟန် ၊ ဒါရိုက်တာ မင်းဆက်၊ ထူးမြတ်၊ ဟင်နရီစံ၊ မေမီကိုကို ၊ စင်ဒီမြတ်၊ ကလေးသရုပ်ဆောင် ဆုရတနာထိုက်၊ ယွန်းသဒ္ဒါဟန်၊ ဒေါ်စမ်းစမ်းဝင်း၊ သံစဉ်ဖြိုးပိုင်၊ ရွှန်းလဲ့ရွှေရည်နဲ့ အတတ်ပညာရှင်တွေအပြင် ဖိတ်ကြားထား တဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း ကိုဆက် ၊ ဇာတ်ညွှန်း အင်ကြင်းဟန် ၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံမှာ ရိုးရာအကနဲ့ အချစ်အမုန်း အငြိုးအဃာတတွေနဲ့ အကောင်းဆုံး ပုံဖော်ပြီး ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ယခင်ထုတ်လွှင့်ပြသခဲ့တဲ့ သဘင်သည်မြနှင်းဆီ ရုပ်သံဇာတ်လမ်းတွဲနဲ့ မတူဘဲ သဘင်သည်မြနှင်းဆီ ရုပ်သံဇာတ်လမ်းတွဲ ကြီးကို Prequel ရုပ်ရှင်အဖြစ် သဘင်သည်မြနှင်းဆီ – The Beginning မှာ သရုပ်ဆောင် မေမီကိုကိုက သဘင်သည် မြနှင်းဆီရဲ့ မိခင်ဖြစ်သူ မြစမ်းကြည်နေရာက ပါဝင်ထားလည်းဖြစ်ပါတယ်။ “သဘင်သည်မြနှင်းဆီ – The Beginning” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလဆန်းမှာ ရုပ်ရှင်ရုံပိတ်ကားပေါ်မှာ ခံစားကြည့်ရှုကြရတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၀-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသော လမ်းများတွင် မီးပွိုင့် ၆ ခု ထပ်မံတပ်ဆင်မည်