// | DailyBriefNews ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့ အလွန်” ဇာတ်လမ်းတွဲမိတ်ဆက်

ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့ အလွန်” ဇာတ်လမ်းတွဲမိတ်ဆက်

ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့အလွန်”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ ဟိန်းဇော်ဦး၊ ဟေမာစန်း၊ ကျော်ရာဇာကိုနဲ့ နိုင်ကိုကိုတို့က ရေးသားထားပြီး Forever Group , FG Series Production က စီစဉ်ထုတ်လုပ်ကာ ဒါရိုက်တာ ထွန်းထက်အာကာဗိုလ်က ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်ထားတယ်လို သိရပါတယ်။ 

သရုပ်ဆောင်တွေအနေနဲ့ ကျော်ထက်ဇော်၊ ဟိန်းရတု၊ နန်းစန္ဒာလှထွန်း၊ ခိုင်သဇင်ငုဝါ၊ ဖူးစုံ၊ မိုက်မိုက်၊ စိုင်းကောင်းမင်းထက်၊ သက်ထက်၊ မိုးမခမေ၊ မေနန္ဒာကျော်၊ မေသက်ကျော်၊ ဆုထက်ထက်ကျော်၊ ဇင်မျိုး၊ ရဲမွန်၊ အေးသီတာ၊ သူဇာပွင့်နဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။

MRTV-4 က ယနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ အပတ်စဉ် ထုတ်လွှင့်ပြသမှာဖြစ်သလို Pyone Play App ကထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငြိမ်းချမ်းရေးကဏ္ဍတွင် လူငယ်များကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးအမွေပေးနိုင်မှသာ တာဝန်ကျေမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
Next post (၁၄-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်