// | DailyBriefNews ဗိုလ်တထောင်ဘုရား၌ လူ(၅၀၀)ကျော်ကို စတုဒိသာလှူဒါန်း ခဲ့သော သရုပ်ဆောင် အဆိုတော် ရွှေဖြူနန်းနွယ်

ဗိုလ်တထောင်ဘုရား၌ လူ(၅၀၀)ကျော်ကို စတုဒိသာလှူဒါန်း ခဲ့သော သရုပ်ဆောင် အဆိုတော် ရွှေဖြူနန်းနွယ်

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ဘုရားရင်ပြင်တော်မှာ ဇူလိုင်လ(၂၀)ရက် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်)နေ့ မနက်(၁၀)နာရီ အချိန်လောက်ကစတင်ပြီး ဘုရားဖူးလာပြည်သူအယောက်(၅၀၀)ကျော်ကို စတုဒိသာကျွေးမွေး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

အခုလို စတုဒိသာကျွေးမွေးလှူဒါန်းမှုတွေကို သာသနာပြု ပရဟိတ ဂုဏ်ထူးဆောင် သရုပ်ဆောင် အဆိုတော် ရွှေဖြူနန်းနွယ် က လှူဒါန်းတာဖြစ်ပြီး လူအယောက်(၅၀၀)ကျော်ကို ထမင်းနဲ့ဟင်း စတုဒိသာအပြင် အလို တော်ပြည့် ဘုရားတွေနဲ့ ရွှေတံခါး ဆေးတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လှူဒါန်းမှုတွေကို လပြည့်နေ့တိုင်း ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလှူဒါန်းမှုနဲ့ဆိုရင်(၁၈)ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။လှူဒါန်းမှုတိုင်းမှာလည်း လူအယောက်(၅၀၀)စာ ခန့်မှန်းထားပေမယ့် လူ(၅၀၀)ကျော်မက လှူဒါန်းဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၀-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ