“ဘီယာဗိုက်”သီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ အဆိုတော် မေသူ၊ ဟာသရုပ်ဆောင် အိုကေနဲ့ တခြား သက်ဆိုင်သူကို အမှုဖွင့်
လူမှုကွန်ရက်မှာ ❝ဘီယာဗိုက်❞ ဆိုတဲ့ သီချင်းနာမည်နဲ့ သီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ တခြားသက်ဆိုင်သူတွေကို ရန်ကုန်မြို့၊ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)နဲ့ အမှုဖွင့်ထားလိုက်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရှိရပါတယ်။



တေးသီချင်းဗီဒီယိုတွေ ရိုက်ကူးထုတ်လွှင့်ရာမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာ ဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့ ပြောဆိုမှုတွေ၊ ရိုက်ကူးထုတ်လွှင့်မှုတွေ မလုပ်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ရင်တော့ တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားတော့မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးလိုက်ပြီလည်းဖြစ်ပါတယ်။
More Stories
၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေ တရားဝင်ကြေညာလာ
လာမယ့် ဖေဖော်ဝါရီ ၇ ရက် ညနေ ၅ နာရီ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ် လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေကို မြန်မာနိုင်ငံ...
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆု ၁၁ ဆု သို့မဟုတ် ၁၂ ဆု ချီးမြှင့်ပေးမည်
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆုအနေနဲ့ ဆုပေါင်း ၁၁ ဆု သို့မဟုတ် ၁၂ ဆုကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ ဇာတ်ကားတွေကို ဒုတိယအကြိမ်ကြည့်ရှုနေတာလည်း ပြီးခါတော့နီးနေပါပြီ။ ဇာတ်ကားတွေကို...
ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ပေး အခမ်းအနားကျင်းပ
Mahar Application နှင့် Mahar ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်တိုင်းမြို့ရှိ ကျိုက္ကဆံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို...
ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့ အလွန်” ဇာတ်လမ်းတွဲမိတ်ဆက်
ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့အလွန်”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ ဟိန်းဇော်ဦး၊ ဟေမာစန်း၊...
၂၀၂၅ ခုနှစ် ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲ ယနေ့ကျင်းပ
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲမှာ အကယ်ဒမီရွှေစင်ရုပ်တုကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေရဲ့ ဒုတိယအဆင့်ပြိုင်ပွဲကို ၁၀၄ ယောက်တက်လှမ်းခဲ့ပြီး ဒုတိယအဆင့်တက်လှမ်းနိုင်သူတွေ မေးမြန်းစိစစ်မယ့်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ " ၁၀၄ ယောက်...
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးနဲ့ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို မီဒီယာမိတ်ဆက်
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးတွေ၊ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲရဲ့ မီဒီယာမိတ်ဆက်ကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေး Studio မှာကျင်းပခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်ပွဲကို ကပြခြင်းဟာ...
