// | DailyBriefNews အချစ်ဦးက မိန်းကလေးကောင်မလေးလို့ ပြောပြလာသော သရုပ်ဆောင် စနိုးကြည်ဖြူ

အချစ်ဦးက မိန်းကလေးကောင်မလေးလို့ ပြောပြလာသော သရုပ်ဆောင် စနိုးကြည်ဖြူ

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ Mahar ရုပ်သံလိုင်းမှာပြသလျက်ရှိသော ကုထုံးမဲ့ချစ်ခြင်း ဇာတ်လမ်းတွဲထဲမှာ မိန်းမရှိတဲ့ လူကို လိုက်ချစ်ရပြီး မိန်းကလေးချင်း ကြိုက်ခံရသော သူနာပြုမလေး ဂျူလိုင် အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ ရည်စားဦးကကောင်းမလေး ဖြစ်ပြီး ကာရိုက်တာက သူမအတွက် စိမ်းတဲ့အရာမဟုတ်ပါဘူးလို့ သရုပ်ဆောင် စနိုးကြည်ဖြူ က ဆိုလာပါသည်။

ကိုယ်တိုင်က စမ်းချောင်း ၂ ထွက်ဆိုတော့ မိန်းကလေးကျောင်းမို့ အချင်းချင်း အချစ်တော်ထားကြတာလေ၊ ငယ်တဲ့အချိန်မှာ အချစ်တော်ထားကြတာပါပဲ ။ စနိုးရဲ့ အချစ်ဦးကလည်း မိန်းကလေးပဲလေ၊ ဂျူလိုင်ဖြစ်သွားတဲ့အချိန်မှာ ဖြူသဲဦး(သျှား)နဲ့ ပြောရတဲ့အခန်းလေးတွေဆိုရင်တော့ အသည်းယားစရာလေးပေါ့ ။ စနိုးက LGBT ကာရိုက်တာကို ဒုတိယအကြိမ် လုပ်ရ တာလေ ..ဆိုတဲ့ ကုထုံးမဲ့ချစ်ခြင်း အကြောင်း သရုပ်ဆောင် စနိုးကြည်ဖြူ က အင်တာဗျူးတစ်ခုမှာ ပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post British Academy Film Awards မှာ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် ဆု ၇ ဆုကို Oppenheimer ဇာတ်ကား ဆွတ်ခူး
Next post ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး တပေါင်းပွဲတော် မတ် ၁၈ ရက်နေ့ ကျင်းပမည်