// | DailyBriefNews ကျေးဇူးရှင်ဖခင်ကြီးအား ရည်စူး၍၁လပြည့် အလှူပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်

ကျေးဇူးရှင်ဖခင်ကြီးအား ရည်စူး၍၁လပြည့် အလှူပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ကျေးဇူးရှင်ဖခင်ကြီးအား ရည်စူးပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ (၁)လပြည့် အလှူပြုလုပ်ခဲ့ သရုပ်ဆောင် ခိုင်သင်းကြည်မှ သူမ၏ လူမှုကွန်ယက်အကောင့်ကနေ မျှဝေလာပါတယ်။

“ဒီနေ့ ကျေးဇူးရှင်ဖခင်ကြီး၏၁လပြည့်အလှူအဖြစ် ဓမ္မဝိဟာရကျောင်းတိုက်မှသံဃာတော်များအားအာရုံဆွမ်းရွှေခေါက်ဆွဲ၊ရွှေ Sandwich နှင့်ဝတ္ထုငွေကပ်လှူပါတယ်ရှင်🙏……ဇိဝိတဒါနသံဃာ့ဆေးရုံကြီးတွင်အလှူငွေ၁၀သိန်း……… ဆေးရုံကြီးမှ မျက်လုံး ကင်ဆာကလေးအတွက်ဆေးစရိတ်၁၀သိန်း🙏……ကင်ဆာဆောင်နှင့်အဆုတ်ရောဂါဌာနမှ လူနာများအတွက် ညီနဒ္ဒထောပတ် ထမင်းဗူး၂၀၀ ….မောင်လေးတို့အိမ်မှာလဲမုန့်ဟင်းခါးစတုဒိသာ ကျွေးမွေးလှူဒါန်းပါတယ်ရှင်🙏“ဆိုပြီး လူမှုကွန်ယက်ကနေ ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။

DBN ပရိသတ်ကြီးကိုယ်စား မခိုင်လေးပြုလုပ်ပေးသမျှကုသိုလ် အန်ကယ်ရရှိပါစေလို့ဆုတောင်းပေးပါတယ် သာဓု သာဓု သာဓု ပါ လို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မလေးရှားမှာ ဖမ်းဆီးခံရတဲ့ အေမီဈာန် နဲ့ Sexy မော်ဒယ် ဖူးပွင့်ခိုင် ပြန်လည်လွတ်မြောက်
Next post ပင်လောင်းမြို့နယ်တွင် ယာယီနေစွန့်ခွာ ပြည်သူ (၃၃၀)ဦး တို့အား ထောက်ပံ့ငွေများ ပေးအပ်