// | DailyBriefNews အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်း အသည်းရောဂါနဲ့ ကွယ်လွန်

အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်း အသည်းရောဂါနဲ့ ကွယ်လွန်

အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်း (အသက်၃၈ နှစ်)သည် ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီ အချိန်တွင် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရှိရပါတယ်။

အာကာအောင်ခင်ဝင်းဟာ ၂၀၁၅ ခုနှစ်က bobo music production က ဖြန့်ချီသော “အသိအမှတ် ” တစ်ကိုယ်တော် သီချင်းခွေထွက်ရှိထားသူလည်းဖြစ်ပါတယ်။ သူဟာ မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက် ၊ ဗိုလ်မှူးဗထူးလမ်းနေထိုင်နေသူလည်း ဖြစ်ပါတယ်။ နာရေးကိုတော့ လာမယ့် ဒီဇင်ဘာ ၅ရက် နေ့လည်(၁၂)နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သင်္ဂြိုလ်သွားမယ် လို့ သိရပါတယ်။

အိမ်မက်ဆုံရာကနေ ဒိုလုံးသီချင်းတွေ အဆိုများပြီး ဒိုးလုံးလက်သစ်လို့ ပရိသတ်အားပေးမှု ရရှိသော တေးသံရှင် အာကာအောင်ခင်ဝင်း ကောင်းရာမွန်ရာရောက်ပါစေလို့ DBN ပရိသတ်ကြီးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၆ ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော် ဒီဇင်ဘာ ၁၆ ရက်မှ ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကျင်းပမည်
Next post မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကို PDF အဖွဲ့များ ကျူးလွန်ကြောင်း အမေရိကန်အစိုးရထုတ်ပြန်