(၁၇-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၇-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲများ အိမ်တိုင်ရာရောက် လိုက်လံချီးမြှင့်ပေးအပ်
၂။ ထုတ်ပြန်ကြေညာပြီးတဲ့ မဲဆန္ဒနယ် (၁၆၈) နေရာမှာ ပြည်ခိုင်ဖြိုးပါတီက (၁၄၆) နေရာ အနိုင်ရရှိထား
၃။ ရန်ကုန်မြိုရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ်က တာဝန်ယူဆောင်ရွက်မည်
၄။ မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်က “စစ်အာဏာရှင်” ဟူသော နိုင်ငံရေးအရနှိမ်ချသည့် စကားလုံးများကို အသုံးပြုခြင်းသည် အစိုးရတစ်ရပ်ကို လေးစားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုဆော်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
၅။ စနစ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေသော နေပြည်တော်-ရန်ကုန် အမြန်မီးရထား
၆။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံ
၇။ PDF များ ယာယီစိုးမိုးထားသည့် အုန်ဒန်ကျေးရွာ၊ ကင်းကျေးရွာနှင့် ရန်သူ့စခန်းတစ်ခုတိုအား တပ်မတော်က ဆက်လက်သိမ်းပိုက်ရရှိ
၈။ ဇန်နဝါရီလ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၆,၀၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၂၉၀ ကျပ်၊ Octane 95 – ၂၃၃၅ ကျပ်၊ Diesel – ၂၁၆၅ ကျပ်၊ Premium Diesel – ၂၅၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အိန္ဒိယတပ်မတော်နေ့မှာ အသံထက်မြန်တဲ့ တာဝေးပစ်ဒုံးတွေ ထုတ်ပြ
၂။ ဗင်နီဇွဲလား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်က သူမ၏ဆုကို ထရမ့်ထံ ပေးအပ်
၃။ နော်ဝေးနိုင်ငံတွင် (၂၀၂၅) ခုနှစ်က သမိုင်းတစ်လျှောက် အပူဆုံးနှစ်တစ်နှစ်အဖြစ် စံချိန်တင်
၄။ ဆွေးနွေးပွဲများအပြီးတွင် ဂရင်းလန်းကျွန်းကို ရယူလိုသည့်အစီအစဉ်အပေါ် ထရမ့်ဆက်လက်စွဲကိုင်ထား
၅။ ရုရှားရဲ့ အိုရီရှနစ်ခ်ဒုံး ကို ယှဉ်ပြိုင်နိုင်မဲ့ ဒုံးတွေထုတ်လုပ်ဖိုလိုနေပြီလို ပြင်သစ်သမ္မတပြော
၆။ ယူဂန်ဒါမှာ ရွေးကောက်ပွဲ ( ဒုတိယအဆင့်)ကို ကျင်းပ
အားကစားသတင်းများ
၁။ ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (ခ) တွင် ကျရောက်နေ
၂။ အက်စတွန်ဗီလာတိုက်စစ်မှူး မာလန်ကို ရိုးမားအသင်း အငှားနဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုပါဝင်
၃။ တိုက်စစ်မှူး ဆာလာ ပြန်လာတော့မှာကြောင့် ပျော်ရွှင်ကြောင်းနဲ့ ဆာလာဟာ အသင်းအတွက်ရော မိမိအတွက်ပါ အလွန်အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း အာနယ်ဆလော့ ပြောကြား
၄။ ၂၀၂၅ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲမှာ အသုံးပြုမယ့် ဘောလုံးကို အာဖရိကဘောလုံးအဖွဲချုပ်က မိတ်ဆက်ပြသလိုက်ပါ
၅။ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို လိဒ်စ်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် ရရှိ
အနုပညာသတင်းများ
၁။ ဒေါင်းယာဉ်ပျံဇာတ်လမ်းတွဲမှာ မိန်းမသုံးယောက်ယူမိတာ တော်တော်လွန်နေပြီမို ပရိသတ်ကို မလောင်စေချင်တော့ဘူးဆိုတဲ့ ကျော်ထက်ဇော်
၂။ အဆိုတော်ရှင်မင်းမြတ်ကို ကျားဖြန့်ဂိုဏ်းတစ်ခုက မူဆယ်မြိုက မင်္ဂလာဆောင်မှာ သီချင်းဆိုပေးဖို လိမ်လည်ငှားရမ်းပြီး ပြန်ပေးဆွဲရိုက်နှက်ကာ သိန်း ၃၀၀၀ ကျော် ငွေညှစ်တောင်းခံခဲ့ဟု ဆို
၃။ ငယ်ငယ်တုန်းက သောက်ခဲ့စားခဲ့ပေမဲ့ အခုချိန်မှာတော့ ကျန်းမာရေးကို ဂရုစိုက်နေရတယ်ဆိုတဲ့ လူရွှင်တော်ဗေဒါ
၄။ အသက်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ပိုလှတယ်လိုထင်တဲ့ ယုံကြည်မှုအပြည့်ပဲဆိုတဲ့ အဆိုတော်နေနေ
၅။ အနုပညာ ဝါသနာပါသူတွေကို မြေတောင်မြှောက်ပေးတဲ့ Cloud Seven Production & Entertainment ရဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ Cloud 7 အနုပညာရှင်တွေရဲ့ ကဏ္ဍတွေမိတ်ဆက်ပွဲစည်ကားစွာကျင်းပ
