(၂၉-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၉-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပါဝင်ဆန္ဒမဲပေး
၂။ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲများ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုလေ့လာ
၃။ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များရှိ မြိုနယ်ပေါင်း(၁၀၂)မြိုနယ်မှာ အပိုင်း(၁)အဖြစ်ကျင်းပလျက်ရှိတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပခဲ့ပြီးနောက် ညနေပိုင်းမှာ မဲရုံများပိတ်သိမ်းပြီး ဆန္ဒမဲများရေတွက်
၄။ ရွေးကောက်ပွဲသိုနိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် သံတမန်စုစုပေါင်း ၁၃၉ ဦး တက်ရောက် စောင့်ကြည့်လျက်ရှိ
၅။ ကျိုက်မရောမြိုနယ်ရှိ မဲရုံတစ်ခုသို အကြမ်းဖက် အဖွဲက ဒရုန်းဗုံးဖြင့် နှောင့်ယှက် တိုက်ခိုက်
၆။ နွားထိုးကြီး PDF များ အမြန်လမ်းပေါ်တက်၍ ပြည်သူများ၏ သွားလာမှုကို နှောင့်ယှက်ပြန်သဖြင့် လိုက်လံချေမှုန်းခဲ့ရ
၇။ မိုးကုတ်မြိုနယ်၊ကျပ်ပြင်ရွာဝန်းကျင်ရှိ အကြမ်းဖက်များကို တပ်မတော် ဒရုန်းတပ်ဖွဲ ရှင်းလင်း
၈။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၆,၀၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၃၅ ကျပ်၊ Octane 95 – ၂၄၆၀ ကျပ်၊ Diesel – ၂၁၄၀ ကျပ်၊ Premium Diesel – ၂၅၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထိုင်းနိုင်ငံ၏ ဂျက်မဟု အမည်တွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီးကို ငွေကြေးလုပ်ငန်းလိမ်လည်မှုဖြင့် ထောင်ဒဏ် နှစ် ၁,၂၁၀ ချမှတ်
၂။ တရုတ်နိုင်ငံ၏ အဂတိတိုက်ဖျက်ရေးစီမံချက်ကြောင့် ထိပ်တန်းစစ်ဘက်အရာရှိကြီး သုံးဦး ထပ်မံပြုတ်
၃။ နိုင်ငံကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင် တိုးမြှင့်ရန် ဂျပန်အစိုးရ ခွင့်ပြု
၄။ ဂွါတီမာလာတွင်ဘတ်စ်ကားချောက်ထဲထိုးကျ၊ ၁၅ ဦးထက်မနည်း ေ-သဆုံး
၅။ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို
၆။ အရှည်ကြာဆုံးနေကြတ်ခြင်းဖြစ်ပေါ်မည့် ရက်အတိအကျထွက်ပေါ်လာ
အားကစားသတင်းများ
၁။ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၈၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှ
၂။ မက်ဆီရဲ့စပိန်မှာပြုလုပ်တဲ့လေ့ကျင့်ရေးကိုလာရောက်ကြည့်ရှူသူ ၂၅၀၀၀ ခန့်ရှိ
၃။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲအပြီး ရုပ်သံကင်မရာသမားနဲ့ ပြဿနာထပ်ဖြစ်ခဲ့
၄။ ချဲလ်ဆီးအသင်းက ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ နိုင်နေတဲ့အနေအထားကနေ အမှတ်အများဆုံး ဆုံးရှုးခဲ့တဲ့အသင်းဖြစ်နေ
၅။ TOP 4 ပြေးလမ်းမှာ အကောင်းဆုံးရှေ့ဆက်နေတဲ့ လီဗာပူး
အနုပညာသတင်းများ
၁။ နေတိုးကို Idol လိုသတ်မှတ်ထားလို ပညာလေးတွေ လာရောက်သင်ယူတာပါ ဆိုတဲ့ ဘုန်းရှိန်ခန့်
၂။ မိဘမေတ္တာဘွဲဇာတ်ကားတွေမှာ နောက်ခံဇာတ်ဝင်တေးတွေ ဆိုလိုရပါသေးတယ်ဆိုတဲ့ စည်သူတင်တင်မြ
၃။ နတ်ကတော်တွေမှ လိမ်စားတာ ညာစားတာမဟုတ်ဘဲ ဗီဇပါတဲ့လူက ပြင်ပလောကမှာလည်း လိမ်စားတာ ညာစားတာပဲဆိုတဲ့ ကန္နားစီးနတ်မင်းသားလေး
