// | DailyBriefNews နေပြည်တော်ဘူတာကြီးကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေးဘူတာရုံအတွင်းရှိ လူသွားစင်္ကြံ အားအဆင့်မြှင့်တင်ရန် မှာကြား

နေပြည်တော်ဘူတာကြီးကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေးဘူတာရုံအတွင်းရှိ လူသွားစင်္ကြံ အားအဆင့်မြှင့်တင်ရန် မှာကြား

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်ဘူတာကြီးအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာမည့် ဒီဇယ်လျှပ်စစ်သုံး(DEMU)အစုန်ရထား ဘူတာရုံ၌ဆိုက်ကပ်ထားရှိမှုနှင့် ဘူတာရုံအတွင်းတို့အား နိုင်ငံတော် ယာယီသမ္မတမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံအား အဆင့်မြှင့်တင်ရန်၊ ရထားဘူတာရုံအတွင်း သန့် ရှင်းသာယာလှပမှုရှိစေရေးနှင့် မျက်စိပ သာဒဖြစ်စေရေး၊ ရထားဝန်ထမ်းများနှင့် ခရီးသည်များ ၏ သွားလာနေထိုင်မှုများစည်းကမ်းစနစ်တကျဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော် ယာယီသမ္မတမှ ပုဗ္ဗသီရိမြို့နယ်အ တွင်း သန့် ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၅ ရွေးကောက်ပွဲသည် တပ်မတော်က လုပ်ဆောင်ခြင်းဖြစ်သဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု အာမခံကြောင်းနှင့် နာမည်ပျက် မခံကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Next post (၂၉-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်