// | DailyBriefNews လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်

လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်

ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂)ရလဒ်များကို စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာကြေညာပေးမည်ဖြစ်ပြီး လာမည်မတ်လအတွင်း လွှတ်တော်ခေါ်ယူအနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင် ကပြောသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှာ တပ်နယ်မိသားစုများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် နှင့် မဲစာရင်းများမှန်ကန်စေရေး နှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအပါဝင် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အလေးနက်ထားဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။

ပါတီဖွဲ့စည်းခွင့် မှတ်ပုံတင်ခွင့်များကို ၂၀၂၃ ခုနှစ်ကတည်းက ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းများ နှင့် အညီ ကျင်းပနေခြင်းဖြစ်ပြီး ပါတီများအနေဖြင့်လည်း သတ်မှတ်ချက်များ နှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

လက်ရှိ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်တွင် အစိုးရအဖွဲ့များ ခေတ်အဆက်ဆက်ပြောင်းလဲလျက်ရှိသော်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို တပ်မတော်အနေဖြင့် ဆက်လက်ထမ်းဆောင်နေမည့် ခိုင်မာသည့်အဖွဲ့စည်းဖြစ်ကြောင်း လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရှည်(၈၇၆)ပေရှိ သံလွင်တံတား(တာဆန်း)ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး
Next post ၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေ တရားဝင်ကြေညာလာ