လော့စ်ဆန်းဂျလိစ်တောမီးကြောင့် အော်စကာဆန်ခါတင် စာရင်း ကြေငြာမည့်ရက်ရွှေ့ရပြန်
လော့စ်ဆန်းဂျလိစ် တောမီးကြောင့် ၂၀၂၅ ခုနှစ်အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်သူများ၏ ကြေငြာချက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ရုပ်ရှင်အနုပညာနှင့်သိပ္ပံအကယ်ဒမီက တနင်္လာနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် အော်စကာဆန်ခါတင်စာရင်းများထုတ်ပြန်ရန် မူလက ယခုပတ်သောကြာနေ့သို့ ရွှေ့ဆိုင်းထားခြင်း ဖြစ်သော်လည်း ဒုတိယအကြိမ်မြောက်ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းလည်းဖြစ်သည်။တောမီးဆက်လက်ေလာင်နေဆဲဖြစ်သဖြင့် အော်စကာဆုအတွက်မဲပေးမည့်အချိန်ကာလနှင့် ဆန်ခါတင်စာရင်းထုတ်ပြန်မည့်အချိန်ကာလကို ဇန်နဝါရီ ၂၃ အထိ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ဆုရွေးချယ်ရေးကော်မတီက မတ်လ ၂ ရက်နေ့တွင် ဟောလိဝုဒ်ရှိ Dolby ပြဇာတ်ရုံ၌ အော်စကာဆု ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရန်ရည်ရွယ်ထားဆဲဖြစ်ကြောင်းလည်းဆိုခဲ့သည်။
More Stories
၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေ တရားဝင်ကြေညာလာ
လာမယ့် ဖေဖော်ဝါရီ ၇ ရက် ညနေ ၅ နာရီ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ် လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေကို မြန်မာနိုင်ငံ...
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆု ၁၁ ဆု သို့မဟုတ် ၁၂ ဆု ချီးမြှင့်ပေးမည်
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆုအနေနဲ့ ဆုပေါင်း ၁၁ ဆု သို့မဟုတ် ၁၂ ဆုကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ ဇာတ်ကားတွေကို ဒုတိယအကြိမ်ကြည့်ရှုနေတာလည်း ပြီးခါတော့နီးနေပါပြီ။ ဇာတ်ကားတွေကို...
ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ပေး အခမ်းအနားကျင်းပ
Mahar Application နှင့် Mahar ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်တိုင်းမြို့ရှိ ကျိုက္ကဆံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို...
ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့ အလွန်” ဇာတ်လမ်းတွဲမိတ်ဆက်
ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့အလွန်”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ ဟိန်းဇော်ဦး၊ ဟေမာစန်း၊...
၂၀၂၅ ခုနှစ် ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲ ယနေ့ကျင်းပ
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲမှာ အကယ်ဒမီရွှေစင်ရုပ်တုကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေရဲ့ ဒုတိယအဆင့်ပြိုင်ပွဲကို ၁၀၄ ယောက်တက်လှမ်းခဲ့ပြီး ဒုတိယအဆင့်တက်လှမ်းနိုင်သူတွေ မေးမြန်းစိစစ်မယ့်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ " ၁၀၄ ယောက်...
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးနဲ့ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို မီဒီယာမိတ်ဆက်
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးတွေ၊ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲရဲ့ မီဒီယာမိတ်ဆက်ကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေး Studio မှာကျင်းပခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်ပွဲကို ကပြခြင်းဟာ...
