နေပြည်တော်မှာ ပြုလုပ်တဲ့ Myanmar Countdown 2025 စည်ကားခဲ့သလို အေးချမ်းပျော်ရွှင်စွာ ကျင်းပပြီးစီး
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ပြုလုပ်တဲ့ Myanmar Countdown 2025 ပွဲကို နေပြည်တော် မြို့ခံတွေအပြင် ရန်ကုန်နဲ့ အခြားမြို့ကြီးတွေက အများပြည်သူတွေပါ လာရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
အဆိုပါပွဲများ အခမဲ့ဖျော်ဖြေပွဲဖြစ်တာရယ်၊ အေးချမ်းပျော်ရွှင်စွာ နှစ်သစ်ကူးည ဖြတ်သန်းလိုသူတွေ လာရောက်တာများ တဲ့အတွက် ညနေ ၃ နာရီလောက်ကတည်းက အများပြည်သူတွေ လာရောက်ခဲ့တာဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးရေးဂိတ်မှာ ဆိုရင်လည်း အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရတဲ့အခြေအနေပါ။





အဆိုပါပွဲရဲ့New Year Countdown ရေတွက်မှုကို ည ၁၂ နာရီမှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးနောက် ဖျော်ဖြေမှုတွေကို ည ၁ နာရီခန့်အထိ ဆက်လက်ကျင်းပခဲ့သလို Project K အဖွဲ့၊ Jason Ace ၊ အစ္စဏီ၊ ယွန်းမြတ်သူ၊ ရဲရင့်အောင်၊ ရတနာမိုင်၊ အောင်ထက်၊ J Fire တို့လို တေးသံရှင်တွေက ဖျော်ဖြေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
More Stories
၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေ တရားဝင်ကြေညာလာ
လာမယ့် ဖေဖော်ဝါရီ ၇ ရက် ညနေ ၅ နာရီ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ်တွေကို ဝတ်စားဆင်ယင်မှု၊ မိတ်ကပ် လိမ်းခြယ်မှုနဲ့ လက်ဝတ်ရတနာဆင်မြန်းပေးသူတွေကို မြန်မာနိုင်ငံ...
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆု ၁၁ ဆု သို့မဟုတ် ၁၂ ဆု ချီးမြှင့်ပေးမည်
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီ ထူးချွန်ဆုအနေနဲ့ ဆုပေါင်း ၁၁ ဆု သို့မဟုတ် ၁၂ ဆုကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ ဇာတ်ကားတွေကို ဒုတိယအကြိမ်ကြည့်ရှုနေတာလည်း ပြီးခါတော့နီးနေပါပြီ။ ဇာတ်ကားတွေကို...
ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ပေး အခမ်းအနားကျင်းပ
Mahar Application နှင့် Mahar ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်တိုင်းမြို့ရှိ ကျိုက္ကဆံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို...
ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့ အလွန်” ဇာတ်လမ်းတွဲမိတ်ဆက်
ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ “အမုန်းရဲ့အလွန်”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ ဟိန်းဇော်ဦး၊ ဟေမာစန်း၊...
၂၀၂၅ ခုနှစ် ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲ ယနေ့ကျင်းပ
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲမှာ အကယ်ဒမီရွှေစင်ရုပ်တုကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေရဲ့ ဒုတိယအဆင့်ပြိုင်ပွဲကို ၁၀၄ ယောက်တက်လှမ်းခဲ့ပြီး ဒုတိယအဆင့်တက်လှမ်းနိုင်သူတွေ မေးမြန်းစိစစ်မယ့်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ " ၁၀၄ ယောက်...
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးနဲ့ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို မီဒီယာမိတ်ဆက်
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးတွေ၊ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲရဲ့ မီဒီယာမိတ်ဆက်ကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေး Studio မှာကျင်းပခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်ပွဲကို ကပြခြင်းဟာ...
