// | DailyBriefNews “RENÉ Mattias”ရဲ့ Season Of Love Event မိတ်ဆက်ပွဲ အနုပညာရှင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

“RENÉ Mattias”ရဲ့ Season Of Love Event မိတ်ဆက်ပွဲ အနုပညာရှင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ယုံကြည်မှုရှိရှိနဲ့ လှပနိုင်ဖို့အတွက် “RENÉ Mattias” ရဲ့ Season Of Love Event မိတ်ဆက်ပွဲကို နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို နာမည်ကျော် အနုပညာရှင်များဖြစ်ကြတဲ့ ကျော်ထက်ဇော်၊ ရတနာဗိုလ်၊ နော်ဖောအယ်ထား၊ ရှိန်းတင်ထူး၊ မေဂရေ့စ်၊ ခီရာတို့ တက်ရောက်ခဲ့ပြီး နာမည်ကျော် Fashion Stylist J Fish ရဲ့ ယုံကြည်မှုရှိရှိပေါင်းစပ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒီပွဲမှာ‌တော့ အမျိုးသားတွေအတွက် Official Mens Wear Launch ဖက်ရှင်တွေနဲ့ ပွဲတက်အနုပညာရှင်ဝတ်ဆင်ခဲ့သလို Model တွေကလည်း ဝတ်ဆင်ရှိုးလျှောက်ခဲ့ကြပါတယ်။ ဒ့ါပြင် Game အစီအစဉ်နဲ့ လက်ဆောင်တွေ၊ Professional MC Teresa Khine နဲ့အတူ အနုပညာရှင်တွေက Talk Show တွေ ပြောဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၉-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ