// | DailyBriefNews MGI 2024 Cambodia Arrival Day ပြိုင်ပွဲကြီးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း

MGI 2024 Cambodia Arrival Day ပြိုင်ပွဲကြီးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း

ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သဲစုညိမ်းကတော့ Miss Grand International 2024 @MGI 2024 အလှမယ်ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံကနေ Cambodia Arrival Day အတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့ပါတယ်။

“သဲအနေနဲ့ ဒီပြိုင်ပွဲအတွက် အားလည်း အရမ်းရပါတယ်။ သဲအနေနဲ့ ရင်လည်းအရမ်းခုန်ပါတယ်။ စိတ်လည်း တော်တော်လှုပ်ရှားပါတယ်။ သဲသဲ မြန်မာကိုယ်စားပြု Crown ရပြီးကတည်းက ဒီပြိုင်ပွဲကိုဝင်ဖို့ စောင့်နေတာ ၉ လကြာခဲ့ပါပြီ။ သဲအနေနဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်” လို့ Miss Grand Myanmar 2024 အလှမယ် သဲစုညိမ်းက ပြောပါတယ်။

သူမကတော့ ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့က စတင်ပြီးတော့ ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကနေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင် ထွက်ခွာခဲ့ပါတယ်။

လက်ရှိမှာတော့ Cambodia Arrival Day အတွက် Top 10 Pre-Arrival အတွက် ထိပ်တန်းအလှမယ် ၁၅ ဦး ပေါ်ထွက်နေပြီးလည်းဖြစ်ရာ Voting အဆင့်မှာ အမြင့်ဆုံးပါဝင်သူကတော့ ကမ္ဘာဒီးယားနိုင်ငံက သမ္မတနဲ့အတူ အထူးညစာစားပွဲကို တက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ်။ Voting စနစ်နဲ့မဲကိုလည်း ဖနွမ်းပင်မြို့ စံတော်ချိန် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီမှာ မဲပေးစာရင်းပိတ်မှာလည်း ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးမှာတော့ နိုင်ငံအသီးသီးက ကိုယ့်စားပြုအလှမယ်တွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မက္ကဆီကို၊ ပီရူး၊ အိန္ဒိယ၊ ဘရာဇီး၊ စပိန်၊ မလေးရှား၊ ပါရာဂွေး စတဲ့နိုင်ငံပေါင်း ၄၀ ကျော်က အလှမယ်တွေအတူ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သဲစုညိမ်းက ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုးရွာသွန်းမှုကြောင့် စစ်တောင်းမြစ်‌ရေတိုးလာပြီး ဒေသအချို့ ရေများပြန်လည်ဝင်ရောက်နေ
Next post စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကို မြိုကြီးများမှာ စမ်းသပ် အသုံးပြုရန် စီစဉ်နေ၊ ပြည်တွင်း သုံးစွဲမှု ပမာဏကို အတိအကျသိရန် ရည်ရွယ်ဟုဆို