// | DailyBriefNews မြန်မာ့နိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင် နှင့်အဖွဲ့ ရေဘေးကူညီထောက်ပံ့လှူဒါန်း

မြန်မာ့နိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင် နှင့်အဖွဲ့ ရေဘေးကူညီထောက်ပံ့လှူဒါန်း

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ၊ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကိုဦးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ မြန်မာ့နိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်နှင့် အတူ သစ်စိမ့်ပင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုကြောင့် ပျက်စီးနစ်မြုတ်နေသည့် ရေတွင်းများ ပြန်လည်တူးဖော်ခြင်း၊ ပြည်သူများ ရေကောင်း၊ ရေသန့်ရရှိ​ရေးတွက် စေတနာရှင်ပြည်သူများနှင့် ပူးပေါင်း၍ အဝီစိရေတွင်းပေါင်း ၁၀၀ အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအတွက် အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။

ထို့အပြင် စျေးကုန်းဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်၍ အားပေးစကားပြောကြားပြီး မြန်မာ့နိုင်ငံဟာသပညာရှင်များအစည်းအရုံးနှင့် ခုနှစ်ရက်သားသမီးများမှအိမ်ထောင်စုတစ်စုလျှင် တစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု ၅၃၃ စုတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း ၅၃၃၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသားများ ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်း စွမ်းဆောင်ရည်အပြင် လူသားအရင်း အမြစ်ကို တိုက်ရိုက် ဖွံ့ဖြိုးစေနိုင်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား