ခြေစမ်းပွဲမှာ ပြန်ဆုံခဲ့ကြတဲ့ ဒီမာရီယာနဲ့ရော်နယ်ဒို
ဇူလိုင်လ ၂၁ရက်
ခြေစမ်းပွဲမှာ ပြန်ဆုံခဲ့ကြတဲ့ ဒီမာရီယာနဲ့ရော်နယ်ဒို
ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ ဘင်ဖီကာတို့ရဲ့ ခြေစမ်းပွဲမှာတော့ တစ်ချိန်က မက်ဒရစ်စတားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဒီမာရီယာတို့ ပြန်ဆုံခဲ့ကြပါတယ်။ ပွဲမတိုင်ခင် နှစ်ဘက်အသင်းသားတွေ နူတ်ဆက်ချိန်မှာ မြင်တွေ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ကတော့ တစ်ကမ္ဘာလုံးကို ပရိသတ်တွေရဲ့ရင်ကို နွေးထွေးစေလိမ့်မယ်လို့ ထင်ပါတယ်။ ဒီမာရီယာနဲ့ ရော်နယ်ဒိုတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အတွဲညီခဲ့ကြပြီး ၁၁ နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ၂၀၁၄ ခုနှစ်မှာ ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ခြေစမ်းပွဲမှာတော့ ဘင်ဖီကာက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီမာရီယာက ဘင်ဖီကာအတွက် အနိုင်ဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

More Stories
၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ အုပ်စုမဲခွဲပွဲ ဖေဖော်ဝါရီ ၁၂ ရက် ပြုလုပ်မယ်
ဇန်နဝါရီလ ၆ ရက် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲနဲ့ ၂၀၂၆ အာရှဖလား အမျိုးသမီး ယူ-၁၇ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို လာမယ့်ဖေဖော်ဝါ ရီ ၁၂ ရက်မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ အုပ်စုမဲခွဲပွဲတွေကို...
တပ်မတော် ဘောလုံးအကယ်ဒမီကျောင်း အပါအဝင်အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour – nament 2025- 2026 ပြိုင်ပွဲကျင်းပ
ဇန်နဝါရီလ ၆ ရက် တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းအပါအဝင် အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour- nament 2025-2026 ပြိုင်ပွဲကို (၉) ရက်ကြာကျင်းပလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲသည်...
အခြေခံကျောင်းများတွင် ဘောလုံးပြိုင်ပွဲများ ထွန်းကားရေး၊ ဘောလုံးကွင်းများ ဖော်ထုတ်ပြုပြင်မွမ်းမံရေး ဆွေးနွေး
နိုဝင်ဘာလ ၂၅ ရက် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ Football for Schools နှင့် ကျောင်းဘောလုံးပြိုင်ပွဲများ ပူးပေါင်းကျင်းပရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ယမန်နေ့ နိုဝင်ဘာလ (၂၃) ရက်က...
အာရှယူ-၁၇ အမျိုးသားခြေစစ်ပွဲ ဝင်ကြေးအခမဲ့ စီစဉ်ထား
နိုဝင်ဘာလ ၂၁ ရက် ၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲကို နိုဝင်ဘာ (၂၂)ရက် မှ (၃၀)ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များကို ဝင်ကြေးအခမဲ့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။ အိမ်ရှင်အဖြစ်ကျင်းပမည့် အဆိုပါ ခြေစစ်ပွဲကို...
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်မည့် မြန်မာအားကစားအဖွဲ့များ အောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း
နိုဝင်ဘာလ ၂၁ ရက်နေ့ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားအဖွဲ့များရဲ့ အားကစားအောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း...
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကလေးငယ်အဖွဲ့က AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားနဲ့ ပထမဆုရ
စက်တင်ဘာလ ၂၃ ရက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open...
