// | DailyBriefNews မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံအမတ်ကြီး Ms. Ma Jia တွေ့ဆုံ

မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံအမတ်ကြီး Ms. Ma Jia တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် ဩဂုတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ပါတယ်။

သံအမတ်ကြီး Ms. Ma Jia က မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင် စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက်ထားမှုကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း၊ အဆွေတော် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မိမိစတင် တာဝန် ထမ်းဆောင်ချိန်မှစ၍ မိမိ၏ အလုပ်အကိုင်အပေါ် များစွာကူညီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိသည် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပြန့်ပွားအောင် လုပ်ဆောင်၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းလက်တွေ့ ကျလာစေရန် မြှင့်တင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ရုံတင်ရက်နောက်ဆုတ်သွားမှာမဟုတ်တဲ့ RRR မင်းသား Ram Charan ရဲ့ ရုပ်ရှင်သစ်