// | DailyBriefNews မန္တလေးတွင် အမျိုးသမီးရပ်ကွက်အုပ်ရေးမှူးနှင့် ညီမဖြစ်သူတို့ ပစ်သတ်ခံရ

မန္တလေးတွင် အမျိုးသမီးရပ်ကွက်အုပ်ရေးမှူးနှင့် ညီမဖြစ်သူတို့ ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၈ လမ်းနှင့် ၈၂ လမ်းထောင့်တွင် သြဂုတ် ၆ ရက်၊ နံနက် ၇ နာ ရီ၊ မိနစ် ၃၀ က မေဃဂီရိရပ်ကွက်၌ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ညီမဖြစ်သူတို့ကို အမည်မသိ မျက်နှာဖုံးစွပ်လက်နက်ကိုင် များက သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။

အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူ ဒေါ်ခင်ဖုန်းဆုတို့နှစ်ဦးတို့သည် ကားမောင်းလာစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကားပေါ်မှာ အမျိုးသမီးနှစ်ဦး သွေးတွေနဲ့လဲကျနေတယ်လို့ ပတ်ဝန်းကျင်က ဖုန်းဆက်အကူအညီတောင်းခံလာတယ်။ ရောက်တဲ့အချိန်မှာ သွေးတွေနဲ့ဆိုတော့ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရတွေ ရောက်လာတဲ့အထိ စောင့်ပြီးတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးပါတယ်။” ဟု အောင်မြေသာစံမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့နှစ်ဦးသည် နေရာတွင်သေဆုံးခဲ့ပြီး ရုပ်အလောင်း များကို အောင်မြေသာစံမြို့နယ် လူမှုကူညီရေးအသင်း၏ မော်တော်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ထို့အတူ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိ အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း သိ ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post သုံးလွန်းတင်ပျို့ ရုပ်ရှင်ဇာတ်လမ်းတွဲ ကန်တော့ပွဲ အခမ်းအနားကျင်းပ