// | DailyBriefNews နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများရဲ့ အင်အား ကိုပါရယူပြီး လိုအပ်တဲ့ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေး ရမှာ ဖြစ်ကြောင်း နစက ဉက္ကဋ္ဌ ပြောကြား

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများရဲ့ အင်အား ကိုပါရယူပြီး လိုအပ်တဲ့ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေး ရမှာ ဖြစ်ကြောင်း နစက ဉက္ကဋ္ဌ ပြောကြား

ယနေ့ မြန်မာအမျိုးသမီးများဟာ မိသားစုအတွင်း၊ ရပ်ရွာလူမှုအဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များမှာပါ အမျိုးသားများနဲ့တန်းတူ အကျိုးပြုနိုင်သူတွေ ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများရဲ့ အင်အားကိုပါရယူပြီး လိုအပ်တဲ့ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးရမှာဖြစ်ကြောင်း မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြို့ပြမှာသာမက ကျေးလက်ဒေသမှာနေထိုင်တဲ့ အမျိုးသမီးများအတွက် ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပေးခြင်း၊ အတန်းပညာ မသင်ယူနိုင်တဲ့ အမျိုးသမီးငယ်ရွယ်နဲ့ အမျိုးသမီးများအတွက် ၎င်းတို့ရဲ့ဘဝ ကောင်းမွန်စွာရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ရေး ပံ့ပိုးပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ
Next post (၉-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်