// | DailyBriefNews အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပနေပြီ

အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပနေပြီ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ် ပုဂံမြို့ရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကို ဇန်နဝါရီလ၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အာနန္ဒာမြတ်စွာဘုရားကြီးဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ပြာသိုလဆန်း ၁၁ရက် (ဇန်နဝါရီ ၂၁ ရက်မှ) ပြာသိုလပြည့် ကျော် ၁ ရက်နေ့အထိ စတင်ကျင်းပလျက်ရှိပြီး ၁၃၈၃ ခုနှစ် ပြာသိုလပြည့်နေ့ ဇန်နဝါရီလ၂၅ ရက်နေ့၌ အာနန္ဒာဘုရား ကြီးရင်ပြင်၌ ဆရာတော်သံဃာအရှင်သူမြတ်တို့အား ဆွမ်းသပိတ်လုံးများ ဆက်ကပ် လှူဒါန်း ပူဇော်မည်ဖြစ်သည်။

ယခုနှစ်တွင် ပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး အာနန္ဒာဘုရားသည် ပုဂံခေတ်ကျန်စစ်သားမင်း တည်ထား ကောင်းမှုပြုခဲ့သော ဘုရားတစ်ဆူဖြစ်ပြီး အနုပညာလက်ရာ အများဆုံးဘုရားတစ်ဆူအဖြစ် ထင်ရှားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စိန်ဧကရီ ရဲ့ ပဲခူးမြို ဈေးရောင်းပွဲတော်ကြီး ကျင်းပ
Next post ဗိဿနိုးမြို့ဟောင်း၊ ရွေရောင်တော်ဘုရားတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပမည်