ကိုးကန့်ဒေသအတွင်း အွန်လိုင်းလိမ်လည် ကျူးလွန်သည့် ပယ်ရင်ချန်ကို ဉပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသအတွင်း အွန်လိုင်းလိမ်လည် ကျူးလွန်သည့် အဘ ဦးပယ်စောက်ချိန်၏ သားဖြစ်သူ ပယ်ရင်ချန်ကို အွန်လိုင်းလိမ်လည်မှုဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း online လိမ်လည်မှုများ၊ ယင်းအမှုများနှင့်ဆက်စပ်ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန်(ပန်ဆော့ချိန်)ကို ဉပဒေအရအရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။
More Stories
(၂၂-၁-၂၀၂၆)ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
(၂၂-၁-၂၀၂၆)ရက်နေ့ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ 👉၁၆ ပဲရည် ရွှေတစ်သားကျပ်YGEA စျေး - ၆,၀၀၀,၀၀၀ ကျပ်ပြင်ပပေါက်စျေး - ၁၀,၂၀၀,၀၀၀ ကျပ်၁၅ ပဲရည်ပေါက်စျေး - ၉,၆၀၀,၀၀၀ ကျပ် 👉အမေရိကန်ဒေါ်လာဗဟိုဘဏ်စျေး-...
လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်
ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂)ရလဒ်များကို စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာကြေညာပေးမည်ဖြစ်ပြီး လာမည်မတ်လအတွင်း လွှတ်တော်ခေါ်ယူအနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင် ကပြောသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှာ တပ်နယ်မိသားစုများနှင့်...
အရှည်(၈၇၆)ပေရှိ သံလွင်တံတား(တာဆန်း)ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကိုဆက်သွယ်ထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ သံလွင်တံတား(တာဆန်း)က မ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊...
နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်သွားမည်ဟု ယာယီသမ္မတပြော
အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား...
ကျိုင်းယင်းဆရာတော်ကြီးအားချီးမြှင့်ထားသည့် “စည်သူ”ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို နိုင်ငံ တော် ယာယီသမ္မတမှ လက်ရောက်ဆက်ကပ်
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)က နိုင်ငံ တော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော "စည်သူ"ဘွဲ့အား ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၏ ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ခဲ့သည်။ ထိုသို့...
တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်
တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့၏ သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း က တပ်နယ် ရှိ အရာရှိစစ်သည်မိသားစုများကို ဇန်နဝါရီ ၁၉ ရက်နေ့က...
