// | DailyBriefNews ရန်ကုန်မြို့ Honey Nest DJ Bar ကို PDF များ ဗုံးထပ်မံခွဲ၊ လူထိခိုက်မှုမရှိ

ရန်ကုန်မြို့ Honey Nest DJ Bar ကို PDF များ ဗုံးထပ်မံခွဲ၊ လူထိခိုက်မှုမရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ အမှတ် (၁) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ အမှတ် (၁၁၀) ရှိ Honey Nest Barတွင် နိုဝင်ဘာလ ၁၃ ရက် ည ၉ နာရီခွဲက အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

ပေါက်ကွဲမှုမှာ ဆိုင်အပြင်ဘက်တွင်ဖြစ်ပြီး အများပြည်သူထိတ်လန့်စေရန် အသံဗုံးကို PDF အကြမ်းဖက်သမားများက ဖောက်ခွဲခဲ့ခြင်းဖြစ်ကာ ထိခိုက်သူမရှိခဲ့ကြောင်း တာဝန်ရှိသူတို့ထံကသိရပါတယ်။

Honey Nest DJ Bar ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၅ ရက်တုန်းကလည်း ဗုံးနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မှုခံခဲ့ရပြီး အခုကတော့ ဒုတိယအကြိမ်တိုက်ခိုက်ခံရတာဖြစ်သလို အဲဒီအချိန်တုန်းကတော့ Dark Shadow UG PDF က ဗုံးခွဲခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သရုပ်ဆောင် နန်းစန္ဒာလှထွန်းနဲ့ ချစ်သူမောင်ဉာဏ်လင်းမြင့် တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ ကျင်းပ
Next post ရှေ့တန်းရောက်စစ်သည်တွေအတွက် “စိတ်ဓာတ်ခွန်အား သစ်လောင်းပွဲ” ကျင်းပမယ်ဆိုတဲ့ ပိုစတာ အတုသာဖြစ်နေ