// | DailyBriefNews နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမတွင် မနေ့က နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တပ်တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်နှင့် ရုရှားရေတပ်မှ အရာရှိများ ပါဝင်ကြောင်းလည်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်နေသည့်အခြေအနေများ၊ တပ်မတော်ရေတပ် နှစ်ရပ်အကြား ကာကွယ်ရေးကိစ္စများ ပူးပေါင်း ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ရေတပ်နှစ်ရပ်ကြား ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ပူးပေါင်း လေ့ကျင့်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် တပ်မတော် နှစ်ရပ်အကြားယဉ်ကျေးမှု အပြန်အလှန်ဖလှယ်နိုင်မှုအခြေအနေများ ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MGI 2023 1st Runner Up ဆုရှင် နီနီလင်းအိမ်ကို ထိုင်းရောက်မြန်မာများ လာရောက်ကြိုဆို
Next post မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ၇ လအတွင်း ရရှိထား