// | DailyBriefNews ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ(၁၃) ကြိမ်မြောက် မဟာဘုံကထိန်လှူဒါန်း

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ(၁၃) ကြိမ်မြောက် မဟာဘုံကထိန်လှူဒါန်း

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ (၁၃) ကြိမ်မြောက် မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာ(၃) ရက် နံနက်ပိုင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ ‌တက်ရောက်ကာ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒစရိယ ဆရာတော် ၊ နေပြည်တော် ၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အ ဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ ၊ ပျဉ်မနားမြို့ ၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာ တော်ကြီးများ အမှူးပြုသော ပင့်သံဃာ (၂၇) ပါး ကြွရောက်တော် မူခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြကာ ကထိန်သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ( ၇၂ ) ကြိမ်မြောက် Miss Universe 2023 Stage Design နှင့် Ticket စျေးနှုန်းများ တရားဝင် ထွက်ပေါ်
Next post MGI 2023 1st Runner Up ဆုရှင် နီနီလင်းအိမ်ကို ထိုင်းရောက်မြန်မာများ လာရောက်ကြိုဆို