// | DailyBriefNews တက္ကသိုလ်အားလုံး နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ် လက်ခံပြီး နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်မည်

တက္ကသိုလ်အားလုံး နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ် လက်ခံပြီး နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်မည်

တက္ကသိုလ်များအားလုံးကို နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ်လက်ခံပြီး နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ် ပါမောက္ခချုပ်များကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များ ဆွေးနွေးမှာကြားစဥ် ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါက်တာညွန့်ဖေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို တက္ကသိုလ် ဝန်ထမ်းများအားလုံး သိရှိအောင် ထပ်ဆင့်ရှင်းလင်းရန်၊ တက္ကသိုလ်များ၏ ဥပဓိရုပ် ကောင်းမွန်ရေး အလေးထား ဆောင်ရွက်ကြရန်မှာကြားသည်။

ထို့အတူ နိုဝင်ဘာ ၁၆ ရက်တွင် တက္ကသိုလ်များ၌ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက် ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များအားလုံးကို နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ယခု ကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း၊ မကြာမီကာလတွင် ပညာရေးဝန်ကြီးဌာန၏ အမျိုးသား အားကစားလှုပ်ရှားမှုအဖြစ် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍသုံးခုတွင် ဒေသအဆင့်၊ ဗဟိုအဆင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအပြင် ၂၀၂၄ ခုနှစ် ဧပြီလတွင် တစ်နိုင်ငံလုံး အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် စာတတ်မြောက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ တက္ကသိုလ် ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြစေလိုကြောင်းလည်း ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Examplez အဖွဲ့ ပရိသတ်ရှေ့ပြန်လာမယ်
Next post ကရင်ပြည်နယ်အတွက် ဝိုင်းဝန်းဆောင်ရွက်ရေးများဆွေးနွေး