// | DailyBriefNews မြန်မာအစိုးရအား လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးများ သို့ ဖိတ်ကြားရန် ဥရောပသမဂ္ဂနှင့် အာဆီယံ ဆုံးဖြတ်

မြန်မာအစိုးရအား လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးများ သို့ ဖိတ်ကြားရန် ဥရောပသမဂ္ဂနှင့် အာဆီယံ ဆုံးဖြတ်

ဥရောပသမဂ္ဂ(EU)နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)တို့က ကျင်းပပြုလုပ်သွားဖို့ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာအစိုးရကိုယ်စားလှယ်တွေကို ဖိတ်ကြားသွားဖို့ နှစ်ဖက်တွေ့ဆုံပြီး အာဆီယံမြို့ပြ လူမှုအဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးကျင်းပနေစဉ်အတွင်း ဆုံးဖြတ်ချက်ချခဲ့ကြတယ်လို့ သိရပါတယ်။

ASEAN က အသင်းကြီးရဲ့ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ အစိုးရဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ အာဏာထိန်းသိမ်းမှုဖြစ်ချိန်ကစလို့ ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြန်လည်ဖိတ်ကြားဖို့ ဆုံးဖြတ်လာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဇာတ်လမ်း၊ ဇာတ်ညွှန်းအလွှာ အသက် ၈၀ အထက် ဇာတ်ညွှန်းပညာရှင်ကြီးတွေကို စုပေါင်းကန်တော့ပွဲ ကျင်းပ
Next post ပါမောက္ခချုပ်ဆရာတော်ကြီး​၏ အစ်မတော် သီလရှင် ဆရာကြီး အဖွား ဒေါ်ကဉ္စနာ တစ်ဘဝဇာတ်သိမ်းချုပ်ငြိမ်း