(၁၂-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၂-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ယာယီသမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး
၂။ လဝက ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ဝါးခယ်မမြိုနယ်၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနေမှုကိုကြည့်ရှုအားပေး
၃။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို မြိုနယ်ပေါင်း (၁၀၀) မြိုနယ်၌ ကျင်းပပြုလုပ်လျက်ရှိ
၄။ သီပေါနှင့် မိုင်းရယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ
၅။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ငွေကျပ် ၁၇၆၁ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
၆။ အမျိုးသမီးများကို လိင်ဖြားယောင်းသွေးဆောင်မှုဖြင့် နာမည်ပျက်ရှိသော NUG၊ PDF ထောက်ပို နွေဦးဆရာတော် ဦးကေသရ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရ
၇။ ကလေးဝမြိုနယ်မှာ PDF က Drop Bomb ချတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးဒဏ်ရာရပြီး သရက်မြိုနယ်မှာလည်း အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့
၈။ ဇန်နဝါရီလ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၆,၀၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၃၂၅ ကျပ်၊ Octane 95 – ၂၃၈၀ ကျပ်၊ Diesel – ၂၁၃၅ ကျပ်၊ Premium Diesel – ၂၅၄၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အင်ဒိုနီးရှားက အီလွန်မက်စ်ရဲ့ Grok အေအိုင် ကို စပိတ်ပြီ
၂။ ဒရုန်းဖြင့်ပိုင်နက်ကျော်မှုကိုစုံစမ်းပေးရန်ဆိုးလ်ကိုပြုံယမ်းတောင်းဆို
၃။ ဂျပန်ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိ
၄။ အမေရိက က ကမ္ဘောဒီးယားကို အကူအညီများ ပေးမည်
၅။ ဗြိတိန်မှာမုန်တိုင်း ဂိုရက်တီဝင်လာလို ကျောင်းတွေပါပိတ်ထားရ
၆။ အချိန်တစ်လအတွင်းတစ်နေ့စီးကရက်(၂)လိပ်သောက်ပါက ခန္ဓာကိုယ်ထဲဘာတွေဖြစ်လာနိုင်လဲ
အားကစားသတင်းများ
၁။ မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲ ကျင်းပပြီးစီး
၂။ လီယွန်နယ် မက်ဆ်ီက ဝိုင်ကို Sprite နဲ့ ရောပြီး သောက်သုံးတဲ့အကြောင်း ပြောဆိုပြီးနောက်မှာ ကိုကာကိုလာရဲ့ စတော့ခ်ဟာ ၄.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို သိရ
၃။ မာတင်နယ်လီရဲ့ဟက်ထရစ်နဲ့ ပိုစ်မောက်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာဆင်နယ်
၄။ စပိန်ဝါရင့်တောင်ပံကစားသမားကြီး ပက်ဒရိုဟာ လာဇီယိုအသင်းသမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ပြီဖြစ်
၅။ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး ဗဟိုခံစစ်အတွဲလို ယူဆခံရဖို ဘာလိုလဲ ပြောပြခဲ့တဲ့ ဆိုးလ် ကမ်းဘဲ
အနုပညာသတင်းများ
၁။ ဟေမာနေဝင်းရဲ့ အသံအားကောင်းချက်က ဆရာဝန်ပါ နားလေးသွားတယ်ဆိုတဲ့ ရာဇာနေဝင်း
၂။ ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့် ရွေးချယ်ပွဲအခမ်းအနား ကျင်းပ
၃။ သရုပ်ဆောင် ဝါသနာပါတဲ့သူတွေအတွက် ရွှေကြိုဆိုတဲ့အိပ်မက်တွေ အကောင်အထည်ဖော်ချင်တာပါဆိုတဲ့ ယွန်းသီရိ
၄။ ဗိုက်ဆာနေတဲ့ အရူးမလေး ကာရိုက်တာနဲ့ ပီပြင်အောင်သရုပ်ဆောင်ခဲ့တဲ့ ယွန်းပိုးအိမ် (ရွှေကြို)
