// | DailyBriefNews (၂)နှစ်ကျော်ကြာပိတ်ထားရသည့် နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်

(၂)နှစ်ကျော်ကြာပိတ်ထားရသည့် နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်

အကြမ်းဖက်ဖြစ်စဥ်များကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီးမှစတင်ကာ ယာယီပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်၊ နောင်ချိုမြိုနယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုသရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် စေတနာရှင်များပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုသို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဒေသခံများအား ကျန်းမာရေးဝန်ထမ်းများက ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ၍ သုံးဆယ်တိုက်နယ်မှ ဒေသခံ(၃၀,၀၀၀)ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၁၂-၂၀၂၅)ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပေးထားပြီးဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား