(၂၂-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၂-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲအစည်းဖြစ်ပြီး ပြည်သူနှင့်လက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်သွားမည်
၂။ ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များ နှင့် ယာယီသမ္မတ တွေ့ဆုံ
၃။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ခေါင်းစဥ်(၁၀) ခုအား လူငယ်(၃၅၀)ဦးခန့်က ဆွေးနွေးသွားမည်
၄။ ကုလသမ္မဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲဝင်နိုင်ငံများ၏ ညီလာခံ ကို မြန်မာကိုယ်စားလှယ်အဖွဲတက်ရောက်
၅။ AI အပါအဝင် ထွန်းသစ်နည်းပညာ အရွှေ့နှုန်းနှင့်အမီ လိုက်ပါနိုင်ရေး လေ့လာဆောင်ရွက်ရန်လို
၆။ စဥ့်ကူးမြိုနယ်တစ်ခုလုံး တပ်မတော်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေးမှ သပိတ်ကျင်း လမ်းပေါက်တော့မည်
၇။ PDF များ လူ ၃၀ ကျော် သတ်ထားသော မြင်းခြံ၊ ဆုံရွာကို PDF များ ယနေ့ ထပ်မံစီးနင်း၊ ဝေဟင်မြေပြင်တုံပြန်မှုကြောင့် PDF အနည်းဆုံး ၈ ဦးသေပြီး ပြည်သူ့စစ်တစ်ဦးလည်း ကျဆုံး
၈။ ဒီဇင်ဘာလ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၂၀ ကျပ်၊ Octane 95 – ၂၅၇၀ ကျပ်၊ Diesel – ၂၂၃၀ ကျပ်၊ Premium Diesel – ၂၆၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ပါကစ္စတန်အနောက်မြောက်ပိုင်းက စစ်စခန်းတစ်ခုကို အသေခံကားဗုံးခွဲသမားတစ်ဦးနဲ့ သေနတ်သမား(၃)ဦး လာရောက်တိုက်ခိုက်
၂။ ဗင်နီဇွဲလားကို ဝင်ရောက်တိုက်ခိုက်ရန် လွှတ်တော်၏ခွင့်ပြုချက် မလိုအပ်ဟု အမေရိကန်သမ္မတပြော
၃။ ပိတ်ဆိုမှုများရှိနေသော်လည်း ရေနံတင်ပိုမှုများက ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဗင်နီဇွဲလားအစိုးရပြော
၄။ တရုတ်(တိုင်ပေ)ကျွန်းအတွက် ဒေါ်လာ(၁၁)ဘီလျံကျော်တန် စစ်လက်နက်ပစ္စည်း ပက်ကေ့ချ်အသစ်ကို အမေရိကန် အတည်ပြု
၅။ နျူလက်နက် ပိုင်ဆိုင်ခွင့်ရရှိရေးကို မည်သည့်အခါမှ ကြိုးပမ်းမည်မဟုတ်ဟု ဂျပန်အစိုးရပြော
၆။ ပြိုလဲမှုကိုကာကွယ်ရန်အတွက် ရုရှားငွေများကို ဥရောပသမဂ္ဂက လိုအပ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ပြော
အားကစားသတင်းများ
၁။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ
၂။ ဆီးဂိမ်းပြိုင်ပွဲကြောင့် ရပ်နားထားရသည့် အမျိုးသမီးလိဂ် ဒုတိယအကျော့ပွဲစဉ်များ ပြန်လည်စတင်မည်
၃။ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းမှ ဖိလစ်ပိုင်တောင်ပံကစားသမား Alyssa Jane Ube ကို ခေါ်ယူ
၄။ ယခုနှစ်(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ ရွှေ (၃)ခုသာ ရရှိခဲ့ပြီး (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နှင့်နှိင်းယှဉ်ပါက ဆုရရှိမှုကျဆင်း
၅။ အာဆီယံ ယူ-၁၉ နှင့် ယူ-၁၆ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမည့် အပြီးသတ် ကစားသမားစာရင်းများ ထုတ်ပြန်
အနုပညာသတင်းများ
၁။ ၂၀၂၅ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင် ရွှေကြိုမောင်မယ် ပထမအဆင့်လူရွေးချယ်ပွဲ စတင်ကျင်းပခဲ့
၂။ ကလေးပဲရှိသေးလို အချစ်အကြောင်းတွေ မတွေးချင်သေးပါဘူး ဆိုတဲ့ ဇွဲပြည့်
၃။ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး သုံးကားရှိတာမို လာမယ့် ၂၀၂၆ နှစ်က ငါ့နှစ်ပဲ ဆိုတဲ့ ဒါရိုက်တာ မင်းဆက်သစ်
