// | DailyBriefNews (၃-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိ၍ အခြေခံစစ်ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်

၂။ ပါတီနိုင်ငံရေးကင်းရှင်းသည့် ဝန်ထမ်းများဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးကြရန် ယာယီသမ္မတ တိုက်တွန်း

၃။ နိုင်ငံခြားရေးဝန်ကြီးနှင့် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တိုတွေ့ဆုံ

၄။ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးက ကနေဒါနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် ကနေဒါနိုင်ငံ သံတမန်ရေးရာဌာနအကြီးအကဲတိုကို သွားရောက်တွေ့ဆုံ

၅။ တိုင်းပြည်အတွက်အသက်စွန့်လှူသွားခဲ့ကြသည့် သူရဲကောင်းများဂုဏ်ပြုပွဲကို (၁၂) နှစ်မြောက်အဖြစ် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်၌ ကျင်းပမည်

၆။ ရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင် ဆန္ဒမဲပေးခြင်း ပထမနေ့ကို ချင်းမိုင်မြိုတွင် ဆောင်ရွက်

၇။ ကျည်မရှိ၊ ဘတ်ဂျတ်မရှိ၊ သေစရာလူသူလည်းနည်း၍ မိုးကုတ်၊ မိုးမိတ်နှင့် ညှိပြီး အပစ်ရပ်ရကြောင်း TNLA ပြောဆို

၈။ ဒီဇင်ဘာလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၀ ကျပ်၊ Octane 95 – ၂၅၇၀ ကျပ်၊ Diesel – ၂၅၁၅ ကျပ်၊ Premium Diesel – ၃၀၃၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကမ္ဘောဒီးယားက တရုတ်၏ တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံ

၂။ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ်ကို သဘောမတူရသေးဟု မက်ခရွန် ပြောကြား

၃။ ဒွန်းညက်ပြည်သူ့သမ္မတ နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်

၄။ ဟောင်ကောင်မီးဘေးစုံစမ်းစစ်ဆေးမှု၌သံသယရှိသူများအား အာဏာပိုင်များထပ်မံဖမ်းဆီး

၅။ ယူကရိန်း – နော်ဝေး ပေါင်းပြီး စစ်ဘက်ဆိုင်ရာ ဒရုန်းတွေ ထုတ်မယ်

၆။ ‎နှလုံးဖောက်ဝေဒနာခံစားဖူးသူများကိုကာကွယ်ပေးနိုင်မည့် ဗိုက်တာမင်-D3

အားကစားသတင်းများ

၁။ မြန်မာအသင်းများပါဝင်သည့် ဆီးဂိမ်းဘောလုံးပွဲများကို ရုပ်သံလိုင်းများမှ ပြသမည်

၂။ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှာ မေထက်လူ ပါဝင်လာ

၃။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်း ထိုင်းနိုင်ငံသို ထွက်ခွာ

၄။ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် လက်ရွေးစင် ယူ-၂၂ အသင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်

၅။ နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲများတွင် မြန်မာဝင်ပြိုင်မည်

အနုပညာသတင်းများ

၁။ ဆရာစားချန်တယ်ဆိုတဲ့ စကားကို သိပ်မုန်းတာမို ကိုယ်တိုင်က ဆရာစားမချန်ဘဲ အိတ်သွန်ဖာမှောက် အကုန်သင်ပေးဖြစ်တယ်ဆိုတဲ့ ခင်လှိင်

၂။ ဇာတ်ကောင်ကာရိုက်တာကြောင့် Stress ပိနေပြီးသားမို ဇာတ်ကားရိုက်နေချိန်မှာ အမျိုးသားကိုတောင် ဆူစရာရှိရင် နောက်မှဆူဖိုပြောခဲ့ရတယ် ဆိုတဲ့ မြတ်သူသူ

၃။ CEO Insights Asia Magazine က သတ်မှတ်သည့် မြန်မာ့စီးပွားရေးထိပ်တန်းခေါင်းဆောင် ၁၀ ဦးထဲမှ တစ်ဦးဖြစ်သော ဒေါ်သန္တာစိုးက TDS ထိုင်းကုမ္ပဏီကို လာမည့်သုံးနှစ်အတွင်း ထိပ်တန်း အီလက်ထရွန်းနစ် အိမ်သုံးပစ္စည်း ထုတ်လုပ်သူအဖြစ်သို ဦးဆောင်စေနိုင်ရန် ရည်မှန်း

၄။ စာပေဗိမာန်စာမူဆုရဝတ္ထု မိသားစုအိမ်ထောင်ရေးဇာတ်လမ်းပုံစံ “လှိင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲ Press Show ပွဲကျင်းပ

၅။ Social Media ခေတ်မှာ ဗဟုသုတပေးချင်ရင်တောင် ကလေးတွေလို ချော့ပေးနေရတယ် ဆိုတဲ့ ဒေါက်တာစိမ့်စမ်းဖြူ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၁၂-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ဒေသပန်းမျိုးနှင့် နိုင်ငံခြားပန်းမျိုးများအားလုံး ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ယာယီသမ္မတ မှာကြား