(၂-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အာကာသသိပ္ပံနှင့်နည်းပညာရပ်များတွင် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးရမည်
၂။ ဒေါ်လာဈေးမြင့်တက်နေမှုများကို သိရှိထားသည့်တိုင် သည်းခံပေးထားခဲ့သော်လည်း အများပြည်သူ စားဝတ်နေရေးအထိ ထိခိုက်လာမည်ဆိုပါက လက်ခံမည်မဟုတ်ကြောင်း ယာယီသမ္မတ သတိပေး
၃။ ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် အသိပေး
၄။ မဲစာရင်း မှန်ကန်ရေးအတွက် တွံတေးမြိုနယ်မှာ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
၅။ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ အောင်မြင်သည့် ယူ – ၁၇ အမျိုးသား ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်
၆။ ၂၀၂၁ အရေးတော်ပုံ ဟု သုံးနှုန်းပြောဆိုခဲ့သူ ဦးလွင်မြင့်ကိစ္စနှင့်ပက်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC ဖြေကြား
၇။ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်ရှိ ရင်းအုံတံတားကို အကြမ်းဖက် KNU/PDF တွေ ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီး
၈။ ဒီဇင်ဘာလ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၀ ကျပ်၊ Octane 95 – ၂၅၇၀ ကျပ်၊ Diesel – ၂၅၁၅ ကျပ်၊ Premium Diesel – ၃၀၃၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ လေတပ်အတွက် မဟာဗျူဟာမြောက်စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုအသစ်တွေကို တပ်ဆင်ပေးသွားမယ်လို မြောက်ကိုရီးယားခေါင်းဆောင်ကြေညာ
၂။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မွေးနေ့ပါတီပွဲ၌ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦး အပါအဝင် လူလေးဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ
၃။ ဗင်နီဇွဲလားအပေါ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ဖိုအတွက် အစမ်းလေ့ကျင့်မှုတွေကို အမေရိကန်လုပ်ဆောင်နေတယ်လို သတင်းတွေထွက်ပေါ်
၄။ အကျင့်ပျက်ခြစားမှုတွေဖြစ်နေမှတော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေးစကားပြောလိုရမလဲ လို ထရမ့်ဆို
၅။ ယူကရိန်းက စစ်မြေပြင်တွင် ရှုးနိမ့်မှုများကို မကြာခင်အချိန်အတွင်း ကြုံတွေ့ရနိုင်ကြောင်း အမေရိကန်စစ်ဘက် သတိပေး
၆။ လပေါ်ကိုဂြိုဟ်သိမ်နှစ်ခုဝင်တိုက်ကာ ကမ္ဘာပေါ်ကနေအလင်းတန်းများမြင်တွေ့ခဲ့
အားကစားသတင်းများ
၁။ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာကနူး/ကယက်လှေလှော်အသင်း ထိုင်းနိုင်ငံသိုထွက်ခွာ
၂။ လီဗာပူးလ်နည်းပြ အာနေး ဆလော့ကတော့ အသင်းရဲ့ကြယ်ပွင့် မိုဟာမက် ဆာလားကို ဖယ်ပြီးတော့ အသင်းကို တည်ဆောက်သွားဖို ပြင်ဆင်နေပြီလို သုံးသပ်မှုတွေရှိလာခဲ့
၃။ မိုနာကိုအသင်းနဲ့အတူ ကစားသမားဘ၀ကို တကျော့ပြန်တည်ဆောက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ် ပေါ့ဂ်ဘာ
၄။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်သမိုင်းတစ်လျှောက် ဂိုးပေါက်ပျောက်မှုအရှည်ကြာဆုံး ကစားသမားအဖြစ် မာရီယာနိုနဲ့အတူ ရပ်တည်နေ
၅။ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတိုဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ တည်ကန်ဘောကနေ ဂိုးအများဆုံးသွင်းထားတဲ့အသင်းတွေအဖြစ် ဦးဆောင်နေ
အနုပညာသတင်းများ
၁။ Cloud Seven မှာ ရွေးချယ်ခံရတဲ့ သူတိုက ပိုပြီးတော့တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ ဆိုတဲ့ စိုးမြတ်သူဇာ
၂။ Judge တွေရဲ့ Attention ရဖို လက်ခလယ်ပဲထောင်ပြပြ၊ ပုဆိုးပဲလှန်ပြပြ ကျွန်တော် အကုန်လက်ခံပေမယ့် အပြင်မှာ စကားပြောတာဆင်ခြင်ဖိုလိုတယ်ဆိုတဲ့ ညိုမင်းလွင်
၃။ အနုပညာကို တကယ်ဝါသနာပါပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ချင်သူတွေအတွက် “ကြယ်ပွင့်များရဲ့အိပ်မက်” ရဲ့ Audition နောက်ဆုံးအဆင့်ကျင်းပ
၄။ အချစ်ရေးက အဆင်ပြေနေပြီး ကိုယ့်ကိုနွေးထွေးတယ်လိုခံစားရတယ် ဆိုတဲ့ Ella May
