// | DailyBriefNews တရုတ်ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်

တရုတ်ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ ကျင်းပလျက်ရှိသည့် တရုတ်ပြည်သူများ ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ယနေ့ မနက်ပိုင်းက တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် SCO SUMMIT 2025 Plus သို့ တက်ရောက်ခဲ့သည်။

တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂ ရက် (ယမန်နေ့) နံနက်ပိုင်းက တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ အမြန်ရထားဖြင့် ထွက်ခွာခဲ့ပြီး ယနေ့ တွင် အဆိုပါ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်နေခြင်းဖြစ်သည်။

အခမ်းအနားမစတင်မီ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာသည့် မြောက်ကိုရီးယားနိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်အပါအဝင် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ နှုတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွေးကောက်ပွဲ လာအို ထောက်ခံ၊ စောင့်ကြည့်ရေးအဖွဲ့လွှတ်မည်
Next post (၃-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ