// | DailyBriefNews UEC သို့ နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိ

UEC သို့ နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိပြီဖြစ်ကြောင်း UEC က ထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပါတီများ ပူးပေါင်းလျက် ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း/ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အချိန်လုံလောက်စွာ ရရှိစေရန် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားလိုသူများသည် မေ ၉ ရက် နောက်ဆုံးထားလျှောက်ထားကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဧပြီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Rock ဘုရင်ဇော်ဝင်းထွဋ် နဲ့ မိုးယုစံတို့တက်ရောက်ခဲ့တဲ့ all for love ဒုတိယနေ့ အခမ်းအနား