// | DailyBriefNews ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်

ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက်ပိုင်းနှင့် ဧပြီ ၂၈ ရက်ညပိုင်းတို့က လေတိုက်ပြီးမိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၆ နာရီခွဲခန့်က သစ်ပင်လဲကျကာလမ်းပိတ်နေသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၈ ရက်ည ၉ နာရီ ၂၀ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ မြို့ပတ်လမ်းတွင်သစ်ပင်လဲကျပြီး လမ်း ပိတ်နေသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငလျင်ဒဏ်သင့်ဒေသသို့ လှူဒါန်းမည့် သရုပ်ဆောင်ကျော်ကျော်ဗိုလ်၏ ဘောလုံးအသင်းဖန်လေလံပွဲမှ ရရှိခဲ့သည့် အလှူငွေအား လေလံအောင်သူပေးအပ်
Next post (၂၉-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်