// | DailyBriefNews ငလျင်ဒဏ်သင့် ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌရောက်ရှိ

ငလျင်ဒဏ်သင့် ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌရောက်ရှိ

မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည််နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၀ ရက်ကသွားရောက်၍ ပျက်စီးခဲ့ရသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဟိုပုံးမြို့ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ဖူးမြော် ကြည်ညိုပြီးနောက် ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခိုကျောင်းဆရာတော်ကိုလည်း ဖူးမြော်ကြည်ညိုခဲ့သည်။

ထိုသို့ ဟိုခိုကျောင်းဆရာတော်အား ဖူးမြှော်ကြည်ညိုရာ ဘုရားကြီးပရိဝုဏ်အတွင်းရှိ ဘုရားစေတီများထိခိုက်ပျက်စီးခဲ့မှုအားပြန်လည်ပြင်ဆင်ရာတွင် မူလပုံစံမပျက်စေဘဲ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျကျွမ်းကျင်ပညာရှင်များနှင့်မွန်းမံပြုပြင်သွားမည်ဟု ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌက ဆရာတော်ကြီးများထံမှဩဝါဒနာယူပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန် အလှူတော်ငွေများကိုပေးအပ်လှူဒါန်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာပြည် ခေတ္တပြန်လာပြီး သာသနာ့ဘောင် ဝင်ရောက်ခဲ့တဲ့ စိုးမြတ်နန္ဒာ
Next post (၁၁-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်