// | DailyBriefNews တရုတ်နှစ်သစ်ကူးနေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်ကို သရော်သည့် ဆန္ဒပြမှု PDF လေးဖွဲ့စု၍ ရန်ကုန်တွင် လှုပ်ရှား

တရုတ်နှစ်သစ်ကူးနေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်ကို သရော်သည့် ဆန္ဒပြမှု PDF လေးဖွဲ့စု၍ ရန်ကုန်တွင် လှုပ်ရှား

ယနေ့ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်ကို သရော်သည့် ဆန္ဒပြမှုကို ရန်ကုန်မြို့တွင် PDF လေးဖွဲ့စု၍ ယနေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လှုပ်ရှားမှုအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) နှင့် Mayangone Democratic Front – MDF ၊ Kyimyindaing Networks – KMD18 ၊ Linn Yaung Ni Youth Organization – LYNYO နှင့် Owl Community အပါအဝင် ရန်ကုန် PDF (၄)ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်သည်ဟု Owl Community က ထုတ်ပြန်သည်။

အဆိုပါ လှုပ်ရှားမှုသည် တရုတ်အစိုးရ၏ မြန်မာ့နိုင်ငံရေးအခြေအနေများအပေါ် ပါဝင်ခြယ်လှယ်နေခြင်း၊ တရုတ်အစိုးရ အနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသောနည်းလမ်းဖြင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးဘက်မှ ရပ်တည်ပေး ပါရန် တောင်းဆိုခြင်းများအတွက် “China Stop Your Hypocrisy”ဆိုသည့် လှုပ်ရှားမှုကို လုပ်ဆောင်ခြင်းလည်းဖြစ်သည်ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီ ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်ဖို့ လျာထား
Next post Power Bank များ အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား