// | DailyBriefNews မြန်မာ့တူရိယာစောင်းကောက်ကို စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ်

မြန်မာ့တူရိယာစောင်းကောက်ကို စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ်

မြန်မာ့တူရိယာစောင်းကောက်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြ တိုက်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းမှ နိုဝင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဋ္ဌ Mr. Vyacheslav Kalganov နှင့် ဂီတပြတိုက်မှ ဒါရိုက်တာ Ms. Natalia Metelitsa တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ကြသည်။

ထို့နောက် မြန်မာ့သိုင်းပညာဖျော်ဖြေသရုပ်ပြမှုအပါအဝင် မြန်မာ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားယဉ်ကျေးမှုအဖွဲ့များက အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မြန်မာ့ရိုးရာ လက်ဝှေ့ကို အခြေခံထားတဲ့ အက်ရှင်ဇာတ်လမ်းမှာ မေဇင်ဆိုတဲ့ကာရိုက်တာကို စိတ်ဝင်စားလို့ လက်ခံရိုက်ကူးဖြစ်တာပါဆိုတဲ့ မေမီကိုကို