// | DailyBriefNews ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမ စာရင်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာ

ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမ စာရင်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာ

ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာကြောင်း ယူနက်စကို၏ Website တွင် ဖော်ပြထားချက်အရသိရသည်။ ယူနက်စကို၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာခြင်းဖြစ်သည်။ တင်ပြထားသည့် အဆိုပြု စာတွဲများကို ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် တရားဝင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆိုပြုစာရင်းတွင် ပါဝင်လာသည့်အတွက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ရန်သေချာသလောက်ရှိနေသည်ဟု ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံတွင် ယူနက်စကိုစာရင်းတွင် နောက်ဆုံးသတ်မှတ် ခံထားရသည့် ဒေသမှာ ပုဂံဒေသဖြစ်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် အား အတည်ပြုသတ်မှတ်ပြီးပါက ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို နစက ဥက္ကဋ္ဌတက်ရောက်