// | DailyBriefNews ရန်ကုန်တိုင်းသဘင် လူမှုကူညီစောင့်ရှောက်ရေး ရန်ပုံငွေ သဘင်၊ ရုပ်ရှင်၊ ဂီတ ပဒေသာကပွဲကြီး ကျင်းပ

ရန်ကုန်တိုင်းသဘင် လူမှုကူညီစောင့်ရှောက်ရေး ရန်ပုံငွေ သဘင်၊ ရုပ်ရှင်၊ ဂီတ ပဒေသာကပွဲကြီး ကျင်းပ

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ရန်ကုန်တိုင်းသဘင်က ဦးစီးဆောင်ရွက်တဲ့ ရန်ကုန်တိုင်း သဘင် လူမှုကူညီစောင့်ရှောက်ရေး ရန်ပုံငွေ သဘင်၊ ရုပ်ရှင်၊ ဂီတ ပဒေသာကပွဲကြီးကို ယနေ့ ဩဂုတ် ၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ မြို့ရွှေမန်းသား ဖိုးချစ်သဘင်ခြံမှာ ကျင်းပခဲ့ပါတယ်။

ဒီရန်ပုံငွေပွဲကိုတော့ ဩဂုတ် ၄ ရက် နေ့လယ် ၂ နာရီကနေ ညနေ ၆ နာရီအထိ ကပြဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲကြီးမှာတော့ ဇော်အက၊ ရုပ်သေးအက၊ မျက်လှည့် ကိုခိုင်၊ ကျောက်ဆည် ရတနာမင်း ဆင်အက၊ သုံးပန်လှ အနုပညာပြကွက်၊ နတ်ကနား၊ နှစ်ပါးအငြိမ့်၊ မြန်မာသံကပွဲ၊ လူရွှင်တော်တွေ၊ သဘင်အငြိမ့်မင်းသမီးတွေစတာတွေ အကောင်းဆုံး ရုပ်ရှင်၊ သဘင်၊ ဂီတ ရသစုံတင်ဆက်သွားမှာဖြစ်ပါတယ်။

နှစ်ပါးသွားပိုင်းအဖြစ် ဩဂုတ် ၃ရက်မှာ မင်းဆောင်မင်းသား သူရဝင်းထွဋ်နဲ့ ဩဂုတ်လ ၄ ရက်မှာ ခေါင်းဆောင်မင်းသား ချစ်စွမ်းသာ၊ အငြိမ့်မင်းသမီး ငြိမ်းချမ်းခိုင် စတဲ့ မင်းသား၊ မင်းသမီးတွေ ကပြဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကြီး အတွက် Channel 7 က ကျပ် သိန်း ၅၀ မတည်လှူခဲ့ပြီး ဦးမိုးသူနဲ့ သရုပ်ဆောင် စပယ်မိုးက ပါဝင်ဖျော်ဖြေသူတွေ စားဖို့အတွက် ၁၀ သိန်းလှူခဲ့ပါတယ်။ ရန်ပုံငွေ သဘင်၊ ရုပ်ရှင်၊ ဂီတ ပဒေသာကပွဲကြီးကို Channel K ရုပ်သံလိုင်းကနေ တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်သလို Phoe Chit Thabin YouTube Channel ကလည်း တစ်ပြိုင်နက် တိုက်ရိုက်(Live) ထုတ်လွှင့်ပြသနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MNDAA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံ ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်း အဖွဲ့များမှ သဘောထားများ ထုတ်ပြန်
Next post (၄-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ