// | DailyBriefNews ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အတွက် အကယ်ဒမီဆုဗန်းကိုင် စတင်ခေါ်ယူ

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အတွက် အကယ်ဒမီဆုဗန်းကိုင် စတင်ခေါ်ယူ

နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ အကယ်ဒမီဆုဗန်းကိုင်ဖို့ ရွှေကြို မောင်မယ်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

အဆိုပါ ရွှေကြိုအကယ်ဒမီဆုဗန်းကိုင် လျှောက်လွှာတင်လိုသူတွေအနေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ လျှောက်လွှာထုတ်ယူနိုင်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ မတိုင်ခင် နောက်ဆုံးထား တင်ရမှာဖြစ်ပါတယ်။

အကယ်ဒမီ ဗန်းကိုင် လျှောက်လိုသူတွေအနေနဲ့ အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမှာဖြစ်ပြီး အမျိုးသမီး အနေနဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ပေ ၂ လက်မ ကနေ ၅ ပေ ၈ လက်မ အတွင်း ဖြစ်ရမှာဖြစ်ပါတယ်။ အမျိုးသားအနေ နဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၆ လက်မ ကနေ ၆ ပေအထိ ဖြစ်ရမှာဖြစ်ပါတယ်။ အဆိုပါ ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တွေအတွက် ရှေ့ဆက်မယ့် အနုပညာလုပ်ငန်း အစီအစဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ရွှေကြိုမောင်မယ်တွေကို ယခင်နှစ်များလို အကဲဖြတ်ဒိုင်တွေအနေနဲ့ ရန်အောင် ၊ ရဲအောင် ၊ စိုးမြတ်သူဇာ ၊ မေသန်းနု စတဲ့ အနုပညာရှင်တွေနဲ့ စိစစ်ရွေးချယ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောက်ဆည်မြို့တွင် ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မြေမြှုပ်ဖျက်ဆီး
Next post (၇) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ပြိုင်ပွဲတွင် မြန်မာကစားသမား နှင်းသက်ဝေ ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ