// | DailyBriefNews ပုဂံခေတ်ဝတ်စားဆင်ယင်မှု Evening Gown ကို Miss Universe ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခဲ့သော မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ဝတ်ဆင်ယှဥ်ပြိုင်

ပုဂံခေတ်ဝတ်စားဆင်ယင်မှု Evening Gown ကို Miss Universe ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခဲ့သော မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ဝတ်ဆင်ယှဥ်ပြိုင်

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ကျင်းပပြုလုပ်နေသော ၇၂ ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက Preliminary မှာ ပုဂံခေတ်ဝတ်စားဆင်ယင်မှုပုံစံနဲ့ ဒီဇိုင်မင်းသက်စံ(Sweet & Smart) ရဲ့ Evening Gown ကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အမရာဗိုလ်က ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်နေသူ အလှမယ် အမရာဗိုလ်ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို မြန်မာနိုင်ငံက ဒီဇိုင်းနာ မင်းသက်စံ(Sweet & Smart)၊ ဒီဇိုင်နာသျှတရ ၊ ဒီဇိုင်နာ နွယ်နီဝင်းမောင် စတဲ့သူတွေက ဖန်တီးပေးထားကြတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေတဲ့ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက ကိုယ်စားပြုအလှမယ်များစွာနဲ့အတူ အလှမယ် အမရာဗိုလ်က ဝင်ရောက်ယှဥ်ပြိုင်​နေတာလည်း ဖြစ်ပါတယ်။ Final Competition ကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ National Gymnasium, San Salvador, El Salvador မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော တရုတ် အပါအဝင် ပြည်ပနိုင်ငံများအား ရှုတ်ချပွဲ မြို့ကြီးများတွင် ယနေ့ ပြုလုပ်
Next post လောက်ကိုင်မှာဖမ်းမိတဲ့ မြီ မိသားစုဝင် ၃ ဦးအနက် ဖခင်ဖြစ်သူ မြီရှောက်ချန်း သူ့ကိုယ်သူလုပ်ကြံသေဆုံး