// | DailyBriefNews ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ပေး အခမ်းအနားကျင်းပ

ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ပေး အခမ်းအနားကျင်းပ

Mahar Application နှင့် Mahar ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲ ကန်တော့ ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်တိုင်းမြို့ရှိ ကျိုက္ကဆံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဟေဇယ် က ရေးသားရေးညွှန်းထားပြီး ဒါရိုက်တာ ကျော်နှင်းဆီက တာဝန်ယူ ပုံဖော် ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။

“ဇာတ်လမ်းတွဲကတော့ အိမ်ထောင်ရေးဇာတ်လမ်းတွဲပေါ့။ ဒီဇာတ်လမ်းတွဲမှာ ရွှေသမီးနဲ့ ပြန်ဆုံရတာ ဝမ်းသာပါတယ်။ သူနဲ့က ဇာတ်လမ်းတွဲ တော်တော်များများမှာ ဆုံကြတယ်။ အခုလည်း ပြန်ဆုံတယ်။ ဇာတ်လမ်းတွဲကတော့ ပရိသတ်အတွက် တွေးစရာတွေ မေးစရာတွေ အများကြီးကျန်ခဲ့မယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲဖြစ်မယ်လို့တော့ ပြောချင်ပါတယ်။ ပြတဲ့အခါ အားပေးကြပါဦး ”လို့ “ဒုတိယမြောက်လက်ထပ်ခွင့်” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်မယ့် သရုပ်ဆောင် သွန်းဆက် က ပြောပါတယ်။

“ဒုတိယမြောက်လက်ထပ်ခွင့်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ရဲအောင်၊ ထက်အောင်ရှိုင်း၊ ဟင်နရီ၊ ရွှေသမီး၊ သွန်းဆက်၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ လင်းဇာနည်ဇော်၊ ချိုမဒီသွင်၊ ဝီလျှံမင်းမြတ်၊ ရဲထွဋ်မင်းခေါင်၊ ဂူဂူ၊ ကိုင်၊ ဆက်ဂိုဟန်၊ မိုးပြည့်သက်ချယ်နှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၆-၁-၂၀၂၆)ရက်နေ့ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ