// | DailyBriefNews မဲမပေးဖို့ လိုက်အော်နေတဲ့ ပေါင်မြို့နယ်မှ အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးအရေးယူထား

မဲမပေးဖို့ လိုက်အော်နေတဲ့ ပေါင်မြို့နယ်မှ အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးအရေးယူထား

မွန်ပြည်နယ်၊ ပေါင်မြိုနယ်မှာ မဲမပေးကြဖို လိုက်အော်ပြောနေသူ အမျိုးသားတစ်ဦးကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများအား နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနဲ့ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အရေးယူခဲ့ရသူက ပေါင်မြိုနယ်၊ ကျုံကကျေးရွာ၊ သုံးအိမ်စုမှာနေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ် ကိုမျိုးဆိုသူဖြစ်တယ်လို သိရပြီး သူဟာ ပြည်သူတွေ မဲမပေးကြဖို ခြိမ်းခြောက်တဲ့စကားတွေကို ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၈နာရီအချိန်မှာ ကျုံကကျေးရွာ၊ သုံးအိမ်စုလမ်းတစ်လျှောက် လိုက်လံအော်ပြောခဲ့တာလို ဆိုပါတယ်။

ဒါကြောင့်မိုလို နယ်မြေခံအုပ်ချုပ်ရေးအဖွဲနဲ့ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲဝင်များက သွားရောက်ဖမ်းဆီးပြီး ရွေးကောက်ပွဲအား နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေပုဒ်မ ၂၄ နဲ့ မုတ္တမရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးအရေးယူထားတာဖြစ်တယ်လို သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၁-၂၀၂၆)ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၂-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်